Chapter 2(2/2)

148 20 4
                                    

Unicode

၁နာရီကျော်မပြည့်လောက်ခင်လောက်မှာပဲ Tenရဲ့ဇိမ်ခံကားကြီးနဲ့အတူ သူတို့ဦးတည်ရာသို့ရောက်ရှိခဲ့ကြတယ်။

Premတောင့်ခဲသွားရတယ်။ သူမျက်လုံးရှေ့မှာမြင်နေရတာက ဥရောပပုံစံအိမ်ကြီးဖြစ်ပြီး ရိုမန့်တစ်ဆန်ခံ့ညားမြင့်မြတ်လှတဲ့အိမ်အကြီးကြီး၊ မြင့်မားတဲ့မျက်နှာကျက်၊ ဧည့်ခန်းနဲ့ လေဝင်လေထွက်ကောင်းတဲ့ တံခါးတွေ၊ ခုံးဝိုင်းပြတင်းပေါက်တွေနဲ့ ထောင့်တွေမှာကျောက်တွေနဲ့ပုံဖော်ထားသေးတယ်။ထူးခြားဆန်းပြားတဲ့ အဖြူရောင်သစ်သားခြံစည်းရိုးတွေ၊ ကြက်သွေးရောင်အမိုးမြင့်မြင့်တွေ၊ စိမ်းလန်းစိုပြေတဲ့မြက်ခင်းပြင်များ၊ခြံဝင်းရဲ့လိမ္မော်ရောင်မီးရောင်တွေက အပြာရောင်နဲ့ခရမ်းရောင်ရှိ ကောင်းကင်ယံကိုဆန့်ကျင်လျက်။ ဥရောပဗီရိုများ၊ဂန္ထဝင်စတိုင်ဝိုင်ဗီဒိုများ၊ဒီဇိုင်းများအားလုံးက အနုစိတ်ကာ အသေးစိတ်ထင်ရှားလှတယ်။အဆောက်အဦးအပြင်ဘက်တွင် ဂရိရုပ်ထုများဖြင့်လည်း အလှဆင်ထားပြီး အညီအမျှဆွဲဆောင်မှုရှိသည်။

နှစ်ဘက်စလုံးနဲ့ စိမ်းလန်းတဲ့မြက်ခင်းများအလယ်မှာ"အိမ်"ဟူသော စကားလုံးနဲ့လားလားမျှမဆိုင်တဲ့သုံးထပ်ရေပန်းတစ်ခုလည်းရှိသေးတယ်။

တံခါးဖွင့်လိုက်တာနဲ့ရုပ်ရှင်တွေထဲမှာလို သက်တော်စောင့်တွေနဲ့အခိုင်းအစေတွေကလည်း နေကာမျက်မှန်များတပ်ကာ ရပ်နေကြတယ်။

"ကြိုဆိုပါတယ် သခင်လေး"

သူတို့က တညီတညွတ်တည်း နှုတ်ဆက်လာတာကြောင့် Prem တုန်လှုပ်ချောက်ချားသွားရကာ လွယ်အိတ်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း မျက်လုံးများကိုလည်း တင်းတင်းမှိတ်ကာလျှောက်လာခဲ့လိုက်တယ်။ တောက်ပတဲ့ ပရိဘောဂ အဆင်တန်ဆာများကို ကြည့်ရင်း Premတံတွေးမမြိုချပဲမနေနိုင်တော့။

"ဒါက သခင်လေးရဲ့ဟင်းချက်ဆရာလား" လျှောက်လမ်းရဲ့အဆုံးမှာ ရပ်နေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ယောက်က အပြုံးမပျက်ပြုံးပြပြီး သူ့ကို ကြင်နာစွာ ကြည့်လာတယ်။သူမရဲ့ ခေါင်းပေါ်မှာ မီးခိုးရောင်ဆံထုံးကိုထုံးထားပြီး အလွန်မြတ်နိုးဖွယ်ကောင်းတယ်။Prem ခေါင်းညိတ်ပြလိုက်သည်။

Cooking crush {Myanmar TRANSLATION}Where stories live. Discover now