Chapter 2(1/2)

260 25 5
                                    

Unicode

ပထမဆုံး ဟင်းချက်သင်တန်း

ကျောင်းကန်တင်းသည် မွန်းတည့်ချိန်ဆို လူတွေနဲ့ ပြည့်ကျပ်နေတာကြောင့် Premတစ်ယောက် သူ့အစားအစာနှင့်ရေသန့်တစ်ပုလင်းကိုသယ်ဆောင်ကာ လူအုပ်ကိုဖြတ်ကျော်ရသည်။ပန်းတိုင်ကတော့ အရပ်ရှည်ရှည်ဆယ်ကျော်သက်လေးတစ်ယောက်နေရာယူထားတဲ့ ဘယ်ဘက်ရှိ ဒုတိယစားပွဲရှည်ဖြစ်သည်။

"ပရမ်၊ ဒီဘက်!"

Samsiက လက်ဝှေ့ယမ်းပြလာသည်။ Premလည်း လက်ထဲက ပန်းကန်နဲ့ ရေပုလင်းကိုစားပွဲပေါ်တင်လိုက်ပြီး သူ့သူငယ်ချင်းဘေးမှာ ထိုင်လိုက်ပြီး "အောင်မလေးဟ!"

Samsiက သူ့သူငယ်ချင်းရဲ့ အစားအသောက်ကို ကြည့်လိုက်ပြီး

"ဒီနေ့ ပဲငံပြာရည်နဲ့ ထမင်းပဲလား?"

"ဘာစားရမှန်းမှမသိတာ" Prem မျက်ခုံးပင့်ကာ ခေါင်းစောင်းပြီး Samsiရဲ့အစားအစာကို ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ တောက်ပသွားရတယ်။

သေးငယ်တဲ့ စတုဂံပုံသဏ္ဍာန် ထမင်းဘူးကို သုံးပိုင်းခွဲ၍ပိုင်းထားသည်၊ တတိယအကန့်မှာ နူးညံ့တဲ့အဝါဖျော့ရောင် ကြက်ဥအကာဖြင့် ဖုံးအုပ်ထားကာအလယ်တွင်အညိုရောင်ကမာကြော် ထမင်းလုံးလေးများကို ခွေးငယ်လေးပုံသဏ္ဍာန် ပုံဖော်ထားပြီး ဦးခေါင်းနှင့် မျက်နှာများကိုတော့ နှမ်းစေ့နှင့် ငရုတ်သီးစိမ်းများဖြင့်အလှဆင်ထားသည်။ စုစုပေါင်း ခွေးခေါင်းငါးကောင်၊ တစ်ဖက်မှာတော့ ပြည်ကြီးငါးပုံသဏ္ဍာန်ဖြင့် ဝက်အူချောင်းကို လှီးဖြတ်ထားပြီး ကျန်တစ်ဖက်မှာ နှင်းဆီပန်းပုံထွင်းထားတဲ့ ခရမ်းချဉ်သီးနှင့်သခွားသီးတို့ဖြင့် အလှဆင်ထားပြီး အပေါ်မှအထပ်လိုက်ပြုလုပ်ထားသည်မှာ အလွန်အနုစိတ်လှသည်။

"ခွေးတစ်ကောင်ကိုစားဖို့ အချိန်ယူဖို့တော့လိုတယ်  " Samsiက ခွေးပုံထမင်းလုံးများကို ပါးစပ်ထဲထည့်ရင်းစားနေပုံက ခွေးလေးရဲ့ဦးခေါင်းကိုကိုက်စားနေသကဲ့သို့ပင်။

"မနေ့ညကဟင်းချက်ခန်းကို ပြန်သွားရဦးမယ်"
Prem ကြည့်ရတာ ပင်ပန်းနေပုံပင်။

Cooking crush {Myanmar TRANSLATION}Where stories live. Discover now