-Unicode-
"ဆွန်းဝူကိုယ်ပိုင်အထက်တန်းကျောင်း"
ကျောင်းအဝင်ဝရှိရွှေရောင်ဖြင့်ရေးထိုးထားသောဖောင်းကြွစာလုံးများကိုကြည့်ပြီး ထယ်ယောင်းနှုတ်ခမ်းလှုပ်ရုံရေရွတ်လိုက်သည်။ ကျောင်းဝန်းထဲကိုအပြင်ကနေချီတုံချတုံပုံစံဖြင့်ငေးနေသည့်သူ့အား မသိသည့်သူဆို အခုမှစတတ်သည့်ကျောင်းသားလေးဟုထင်ကြမည်မှာမလွဲဧကန်။ တကယ်တော့ သူဒီကျောင်းကို အလယ်တန်းပထမနှစ်ကတည်းကစတင်တက်ရောက်ခဲ့တာဖြစ်ပြီး အခုဆို အထက်တန်းတတိယနှစ်ကိုပင်စတင်တက်ရောက်ရတော့မည်ဖြစ်၏။
"ဟျောင့် အူတူတူ! မဝင်ပဲဘာရပ်လုပ်နေလဲ။ နောက်ဆယ်မိနစ်ဆိုကျောင်းတက်ခေါင်းလောင်းတီးတော့မှာဟ"
ကျောပြင်ကိုဗြန်းခနဲချလိုက်ပြီးပုခုံးမှတွန်းကာရှေ့သို့သွားစေတော့ နှုတ်ခမ်းကိုဆူလိုသူ့ဘက်သို့လှည့်ကြည့်လာကာ နှာဖျားပေါ်ရောက်နေသည့်မျက်မှန်ကိုလက်ခလယ်ဖြင့်အပေါ်သို့တွန်းတင်လေ၏။ ဒီကောင့်အကြံမသိလျှင်ခက်မည်။ ဒါ ဂျူဒယ်ဟွန်းဆိုသည့်သူ့ကို ကင်မ်ထယ်ယောင်းဆိုသည့်ကောင်က အသံတိတ်နည်းဖြင့်မသိမသာဆဲလိုက်ခြင်းသာပင်။
"ခွေးမသား! မင်း အရိုင်းအစိုင်း"
"အောင်မယ် လာလာချည်သေး ငါ့ကိုရိုင်းတယ်ပြောရအောင်အခုလေးတင်ဆဲလိုက်တာမင်းမဟုတ်ဘူးလား မအေဘေး"
"ကြည့်လေ အခုပဲမင်းဆဲလိုက်ပြီ။ အရိုင်းအစိုင်း အာ့!"
ဆက်ပြောနေရင်ဒီနေရာကရွေ့ရတော့မှာမဟုတ်တာမို့ ဒယ်ဟွန်း၏နားထင်မွှေးကိုဆောင့်ဆွဲကာ ကျောင်းဝန်းထဲသို့လျှပ်စီးအလျှင်ဖြင့်ပြေးဝင်ခဲ့တော့၏။ ပြေးနေစဉ် နောက်သို့လှည့်ကြည့်ကာလျှာထုတ်ပြောင်ပြဖို့ကိုလည်း သူမမေ့ခဲ့ပါချေ။
.............................။
"နေ့လည်အတန်းဆင်းဖို့ကလည်း ဆယ်ကမ္ဘာလောက်ကြာနေသလိုပဲကွာ"
စာအုပ်ကိုထောင်ကာ အရိုးမရှိသူလို သူ့ဘက်သို့ခန္ဓာကိုယ်တစ်ခုလုံးမှီချထားသည့်ထယ်ယောင်းထံမှထွက်လာသောစကားသံကြောင့် နဖူးကိုဖက်ခနဲရိုက်ချလိုက်၏။ ရှေ့မှာဆရာမကအားကြိုးမာန်တက်စာသင်နေတာကို သူကနောက်ဆုံးတန်းကနေပြီး အတန်းဆင်းဖို့ကိုပါးစပ်ကတတွတ်တွတ်ရွတ်ဆုတောင်းနေတာဘယ်လိုကောင်မှန်းမသိ။
YOU ARE READING
CRUSH : Sunset With You
Fanfictionအစကတည်းကရှုံးပြီးသားလူပဲ ဒီထက်ရှုံးစရာလည်း ဘာမှမရှိတော့တာမို့ အချိန်တန်ရင် မင်းရွေးမယ့်သူကငါမဟုတ်မှန်းလည်းသိတာမို့ ဒီအချိန်ခနလေးမှာ ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် မင်းအနားကပ်တွယ်နေချင်ခဲ့တယ်။ [Kim Tae Hyung] 3.Dec.2022