Episode-9 [Uni+Zawgyi]

1.3K 148 12
                                    

-Unicode-

အိမ်တွင်တစ်ပတ်မျှအနားယူပြီးသည့်နောက်မှာတော့ ဒယ်ဟွန်းနှင့်အတူမြို့သို့ပြန်တက်လာခဲ့ကြသည်။ နံနက်(၇)နာရီကစီးလာခဲ့သောကားသည် (၁၀)နာရီမတီးခင်တွင် မြို့ပေါ်သို့ရောက်၏။

ရောက်ရောက်ချင်းမှာပင် အလုပ်ထက် အိမ်ခန်းငှားမည်ဆိုသည့်ဆိုင်းဘုတ်ကို နေရာအနှံ့မျက်စိကစားကာရှာကြရသည်။ နေစရာက နံပါတ်တစ်ဦးစားပေးအရေးကြီးသည်မဟုတ်လားလေ။

"ဟျောင့် ဒီမှာ ခေါင်မိုးထပ်ငှားမယ်တဲ့ကွ"

တစ်နေရာအရောက် သုံးထပ်တိုက်တစ်လုံးကိုလက်ညှိုးထိုးကာ ဝမ်းသာအားရဖြင့်ထအော်သည့်ဒယ်ဟွန်းကြောင့် နဖူးမှချွေးစက်များကိုသုတ်လို့ အနားသို့အပြေးသွားလိုက်၏။ ခြံတံခါးအဝတွင်ရေးထားသည်ကား 'ခေါင်းမိုးထပ်အခန်းငှားမည်'ဟူ၍ဖြစ်လေသည်။ ကားဂိတ်နားနှင့်နီးပြီး လမ်းထဲငါးမိနစ်လောက်လျှောက်ဝင်ရုံသာမို့ ထိုအခန်းကိုသူသဘောကျသွားမိ၏။

"ဝင်မေးကြည့်ရအောင်။ စကားပြောရအဆင်ပြေရင် အခန်းအနေအထားကြည့်ပြီးဈေးစစ်ရမယ်။"

"ဒီချစ်တီးကောင်ကလည်းတစ်မျိုး" ဟုဆိုကာ ဒယ်ဟွန်းသည် ထယ်ယောင်းအားပေစောင်းစောင်းကြည့်၍ လူခေါ်ဘဲလ်ကိုနှိပ်လေသည်။ မကြာလိုက် အိမ်ထဲမှအသက်လေးဆယ်လောက်ရှိမည့်အမျိုးသမီးတစ်ဦးထွက်လာလေ၏။

"ဘာကိစ္စများရှိလို့လဲ။"

"ကျွန်တော်တို့ကအထက်တန်းနောက်ဆုံးနှစ်ဖြေထားတဲ့ကျောင်းသားတွေပါ။အချိန်ပိုင်းအလုပ်လုပ်ရင်းနေဖို့အဆောင်ရှာရင်း ဒီအိမ်ရဲ့ခေါင်မိုးထပ်ငှားမယ်ဆိုပြီးတွေ့လို့လာမေးတာပါ ခင်ဗျ"

အထုပ်ကိုယ်စီနှင့်သူတို့နှစ်ဦးအား စုန်ချည်ဆန်ချည်ကြည့်ကာမေးမြန်းလာသည်မို့ ထယ်ယောင်းကပဲဦးဆောင်၍ဖြေကြားလိုက်ပါသည်။ ထိုအခါ အမျိုးသမီးကြီးသည် သူတို့နှစ်ဦးအားခပ်အေးအေးပြုံးရယ်ပြလာကာ...။

"သားကအသွက်ကလေးပဲ လာကြကွယ် ဒေါ်ဒေါ်အခန်းလိုက်ပြပါ့မယ်။"

"ဟုတ်ကဲ့ပါ ခင်ဗျ"

အခန်းရှိရာသွားရင်း အမျိုးသမီးကြီးသည် ပထမထပ်နှင့်ဒုတိယထပ်နှင့်တတိယထပ်တွင်အိမ်ငှားများရှိပြီး မြေညီထပ်တွင်သူမနေကြောင်းရှင်းပြသည်။ ခေါင်းမိုးထပ်သို့တက်သည့်လှေကားသည် တိုက်၏‌ဘယ်ဘက်စွန်းတွင်သီးသန့်ဖြစ်၏။

CRUSH : Sunset With YouWhere stories live. Discover now