-Unicode-
ငါးနှစ်ပြည့်သည် နာကျင်စွာပဲတိတ်တဆိတ်ပြီးဆုံးခဲ့၏။ ကျောင်းပြန်တက်သည့်ရက်မှာတော့ အရင်လိုကူကူးကိုသူမစောင့်ဖြစ်တော့။ နေ့လည်စာစားချိန်၌လည်း ကူကူးနှင့်အရင်လိုအတူမစားပဲရှောင်နေခဲ့၏။ ကျောင်းပြန်ချိန်၌လည်း ကူကူးနှင့်မဆုံရလေအောင် တုံ့နှေးတုံ့နှေးလုပ်နေသည့်ဒယ်ဟွန်းကိုပင်မစောင့်ပဲ အစောဆုံးပြန်ခဲ့ပါသည်။
ထိုနေ့မှစပြီး ကူကူးကိုသူရှောင်နေခဲ့သည်မှာသုံးရက်တိတိ။ 29ရက်နေ့မှာတော့ ကျောက်ပတ်တီးဖြည်ရန်ချက်ချိန်းရှိသည်မို့ ဒယ်ဟွန်းနှင့်သူတီချယ့်ဆီခွင့်တိုင်ကာ ကျောင်းပျက်ခဲ့၏။ ကူကူး၏ငါနဲ့သွားမယ်ဆိုသောစကားကိုတော့ သူလစ်လျှူရှုကာမေ့ထားပစ်ခဲ့ပါသည်။
"ငါ့ကောင်ကြီးမွေးနေ့ကိုဘာလက်ဆောင်ပေးရင်ကောင်းမလဲ။"
ဒယ်ဟွန်း၏စကားကြောင့် ထယ်ယောင်းဓာတုဗေဒဓာတ်ငွေ့ထုတ်ဖော်ပုံတွေရေးမှတ်နေရင်းမှ ပြုံးလိုက်မိ၏။ ဒီနေ့သည် ဒီဇင်ဘာ(၃၀) သူ့အသက်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့ပင်ဖြစ်၏။ အမှတ်တရရှိပေးသောဒယ်ဟွန်းကိုကျေးဇူးတင်ပါသော်လည်း...။
"ပိုက်ဆံကုန်မဲ့အလုပ်တွေမလုပ်စမ်းနဲ့ ဒယ်ဟွန်း၊ ငါလည်းမင်းကိုငါ့မွေးနေ့ဆိုပြီးဘာမှကျွေးမှာမဟုတ်ဘူး ပိုက်ဆံကုန်လို့"
သူ့အပြောကြောင့် ဒယ်ဟွန်းသည်'ချစ်တီးကောင်'ဟုဆိုကာနှာခေါင်းရှုံ့၏။ သူ့အတွက်တော့ မွေးနေ့ဆိုတာ ဒီတိုင်းပုံမှန်ရက်တွေလိုပဲဟိုဟိုဒီဒီလုပ်ရင်းပြီးသွားမှာပဲမို့ ပိုက်ဆံကုန်မဲ့အထူးအထွေလုပ်ရပ်တွေလုပ်မနေချင်ပေ။ သို့သော် ဒီလိုရက်ရောက်တိုင်း နယ်မှမိဘတွေကိုဖုန်းဆက်နေကြဖို့ ကျောင်းဆင်းလျှင်အုပ်ကြီးရုံးခန်းကိုသွားပြီး ဖုန်းဆက်ရမည်ပင်။
"မင်းဟိုကောင့်ကိုပလစ်လိုက်ပြီလား။ အခုတလောရှောင်နေသလိုပဲနော်။"
"မပလစ်ပါဘူး။ နောက်ဆိုပိုကပ်တော့မှာမို့ ခနခွာပြီးအရှိန်ယူနေတာ အဟင်း!"
ကိုယ့်ဟာကိုယ်ပြောပြီး ကိုယ့်ဟာကိုယ်ခေါင်းတရမ်းရမ်းဖြင့်ပြုံးလိုက်မိ၏။ ဒီလောက်ကိစ္စကလေးနဲ့ကူကူးအနားကခွာသွားရအောင် ကင်မ်ထယ်ယောင်းကရူးနေတာမှမဟုတ်တာပဲလေ။
YOU ARE READING
CRUSH : Sunset With You
Fanfictionအစကတည်းကရှုံးပြီးသားလူပဲ ဒီထက်ရှုံးစရာလည်း ဘာမှမရှိတော့တာမို့ အချိန်တန်ရင် မင်းရွေးမယ့်သူကငါမဟုတ်မှန်းလည်းသိတာမို့ ဒီအချိန်ခနလေးမှာ ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် မင်းအနားကပ်တွယ်နေချင်ခဲ့တယ်။ [Kim Tae Hyung] 3.Dec.2022