Ep-(4)⛓

190 28 20
                                    

လွန်ခဲ့သောတစ်ဆယ့်ငါးနှစ်ခန့်က.....။

- လူချမ်းသာတို့နေသောအိမ်တစ်ခုဖြစ်ဟန်တူသည်။ မိသားစုရယ်လို့လည်းမျာများစားစားမရှိပါဘူး။ ဧည့်ခန်းထဲက ဓာတ်ပုံကိုကြည့်တော့ ယောက်ျားလေး လေးယောက်ပါဝင်သော မိသားစုဓာတ်ပုံတစ်ခု။ -

"သားဘောမ်လေးရေ။
လာပါဦး ဒယ်ဒီ့ဆီကို...."

- လူကြီးတစ်ယောက်က မြှူလိုက်တော့ လှုပ်စိ လှုပ်စိ ဖြင့်ပြေးလာသော ကလေးလေး။ -

"ဘောမ်လေးကဘာတွေလုပ်နေတာတုန်း"

"သားက ဟျူးနင်းခါအီတို့နဲ့ ဆော့နေတာ။ ဒယ်ဒီဘာပြောမလို့လဲဟင်..."

"ဒယ်ဒီကိုကြည့်....ဘောမ်လေးအတွက်ဘာပါလာတယ်ထင်လည်း။ "

"ဘာလဲဟင်...ဘာလဲ ဘာလဲ "

"ကျန့် ကျန်....ကြည့်ပါဦး ဒီဝက်ဝံရုပ်ကလေးက ဘောမ်လေးနဲ့မတူဘူးလား။ "

"ချစ်စရာလေးနော်....သားကြိုက်တယ်။ "

"သားသဘောကျလို့တော်သေးတာပေါ့....သွား ကိုကိုတို့ကိုသွားကြွားလိုက်ပါဦး။ "

"ဟုတ် ဒယ်ဒီ"

- ဝက်ဝံရုပ်လေးပိုက်ကာ ဘောမ်လေးတစ်ယောက်သူ့အကိုအခန်းထဲဝင်သွားခဲ့သည်။ hansol သည် 18နှစ်ပြည့်သွားသော Mr. Choi၏ သားတစ်ယောက်ဖြစ်သည်။ -

"Hansol hyung....."

"အွန်း ဘောမ်လေးပြော ဘာကိစ္စရှိလို့လဲ"

"ဒယ်ဒီကသားကို အရုပ်ဝယ်ပေးထားတယ်။ "

"ဆယ်နှစ်သားလူပျိုကြီးက အရုပ့်ကြိုက်တုန်းလား။ ကဲပါဗျာ...သဘောတွေ့ရင်ဆော့ ဟုတ်ပြီလား။ hyungအလုပ်လုပ်နေလို့ junie hyungဆီသွားလိုက်နော်။ "

"ဟုတ် hyung
ကျွန်တော်တစ်နေ့ကျရင် hyungလိုဖြစ်အောင်ကြိုးစားမှာ။ ဒါမှဖေဖေက ပိုပြီးဂုဏ်ယူရမှာ....."

"ဟုတ်ပါပြီ အတတ်လေးရယ်။ "

- ဘောမ်တစ်ယောက်သူ့အဖေပေးသော ဝက်ဝံရုပ်လေးကိုကိုင်ကာ junie hyungဆီကိုသွားခဲ့သည်။ -

"ဒယ်ဒီ့ရဲ့အခန်းတံခါးကြီးကပွင့်နေပါ့လား။ "

- ဘောမ်အထဲကိုချောင်းကြည့်လိုက်သည်။ ဟျူးနင်းဖေဖေနှင့် ဘောဒီဂတ်ဂျောင်ကအတူရှိနေသည်။ ဖေဖေနဲ့ဆိုရင် သုံးယောက်ပေါ့....-

Wild [Completed]Where stories live. Discover now