Ep-(9)⛓ (End)

312 22 17
                                    

"မသွားပါနဲ့ hyungရယ်....။
ဒေါသထိန်းပါဦး။ "

" ကိုယ်သွားမယ် taehyun...ဘာမှစိတ်မပူလည်း ရတယ်။ မတားပါနဲ့...."

"Hyungက လူသတ်ဖို့သွားတာကို ကျွန်တော်က အပြန်မုန့်ဝယ်ခဲ့လိုပြောရမှာလား။ တားရမှာပေါ့....ရာဇဝတ်မှုလေ....တကယ်နားမထောင်တော့ဘူးလား။ "

"လိမ္မာတယ်.....hyungပြန်လာမှချော့မယ်။ "

-အချိန်အားဖြင့် 4:00ကျော်နေပြီဖြစ်သည်။ အခု hueningက ဖိနပ်စီးနေခဲ့သည်။ taehyunကနောက်ဖေးမီးဖိုချောင်ကိုပြေးဝင်သွားကာ ဓားတစ်ချောင်းနဲ့ပြန်ထွက်လာသည်။ ထိုအချိန်hueningကဖိနပ်စီးပြီးနေပြီဖြစ်သည်။ -

" hyungတစ်လှမ်းထွက်သွားတာနဲ့ ပြန်လာရင်မြင်ရမှာ ကျွန်တော့်အလောင်းနော်။ "

- huening ပြန်လှည့်ကြည့်မိတော့ ဓားကိုလက်ကောက်ဝတ်ပေါ်တင်ပြီး သူ့ကိုစိုက်ကြည့်နေသည်။ -

" Taehyun! ဘာမဟုတ်တာတွေလုပ်မလို့လဲ။
ဓားကိုဖယ်လိုက်ပါကွာ..."

" hyungမသွားဘူးဆိုရင်ပေါ့...."

"Taehyun! "

"Hyungသွားချင်ရင်ဆက်သွားလေ။ "

"ကိုယ်မသွားတော့ဘူး ဟုတ်ပြီလား။ ဓားကိုချလိုက်နော်။ taehyunထိခိုက်သွားလိမ့်မယ်။ ဖယ်လိုက်နော်။ လိမ္မာပါတယ်ကွာ....နော်...."

- taehyunလည်းဓားကိုပစ်ချကာ huening kaiကိုပြေးဖက်သည်။ -

"မကောင်းတာတွေမလုပ်ပါနဲ့....။
ကျွန်တော်တို့အတူတူပျော်ပျော်ရွှင်ရွှင်နေကြမယ်လေ။ ကျွန်တော့်ချစ်တယ်မလား....ဒီလိုတွေမလုပ်ပါနဲ့။ "

- ရင်ခွင်ထဲသို့ပြေးဝင်ကာ တအိအိငိုနေသည်။ ဘယ်လိုလုပ်ရမလဲ ကလေးရယ်....မင်းကိုချစ်တာပေါ့...အရာရာကို မင်းကြောင့်ပြောင်းလဲထားတာ။ -

"မထွက်သွားပါနဲ့ "

"အွန်း..."

"မထားခဲ့ပါနဲ့ "

"အွန်း..."

"တားပေးပါလို့ပြောတယ်မလား။
အခုတားနေတာမလို့ ကျွန်တော့်လုပ်ပိုင်ခွင့်ကိုလေးစားပေးပါ။ "

"အွန်း ချစ်တယ် ။ "

- taehyunခေါင်းကိုအပေါ်မော့ကာ အောက်နှုတ်ခမ်းကိုဆွဲစုပ်ပြီးနမ်းရှိုက်လိုက်သည်။ -

Wild [Completed]Where stories live. Discover now