Soobin POV:
- မနက်မိုးလင်းတော့ သူပြင်ဆင်ပြီးတာတောင် အခန်းပြင်ထွက်ဖို့ဝန်လေးနေမိသည်။ -
* ဘာမှမဖြစ်ပါဘူး....
ငါသိနေတာကို မရိပ်မိဘူးမလား။ *- သက်ပြင်းရှည်ရှည်ချကာ တံခါးlockကိုဖွင့်လိုက်သည်။ တံခါးဖွင့်တော့တန်းမြင်လိုက်ရတာက အကိုယောန်ရဲ့မျက်နှာ။ သူ့တံခါးကိုခေါက်ရန်ပြင်နေတဲ့ပုံ။-
"အာ....အချိန်ကျော်နေပြီးထွက်မလာသေးလို့..."(YJ)
"ဟုတ်တယ် အကိုယောန်ရဲ့....
အိပ်ယာထနောက်ကျသွားလို့လေ....အဲ့ဒါ....""ရပါတယ်....သွားကြမလား။ "
- သူနဲ့အကိုယောန်နဲ့ဆင်းမယ်လုပ်တော့ beomgyuကပါ အခန်းထဲကထွက်လာသည်။ ညီအစ်ကိုနှစ်ယောက်စကားမပြောကြသေးဘဲနဲ့ အချင်းချင်းစူးစူးဝါးဝါးကြည့်နေကြတာ....အလယ်က ကျွန်တော်ကဘာဆက်လုပ်ရမယ်မှန်းမသိ။ -
"သွားကြတာပေါ့ soobin na! " (YJ)
"ဟုတ်ကဲ့ "
- ရုတ်တရက် soobinလက်ကိုyeonjunကဆွဲကာ လှေကားကနေဆင်းသွားသည်။ ဒါပေမဲ့ မကြာလိုက်အနောက်ကနေ ခြေသံကြားရပြီး သူ့နောက်လက်တစ်ဖက်ကို beomgyuကဆွဲကာအရင်ဆုံးအရှေ့ကဦးအောင်ဆင်းမယ်လုပ်သည်။ သို့သော် yeonjunကလည်းမလွှတ်ပေး။ beomgyuကလည်းဆက်ကိုင်ထားသည်။ -
"ဟို...." (SB)
"သူနာပြုချွဲ...ကျွန်တော်နဲ့လိုက်ခဲ့ပါ...."(BG)
"Soobin! အကိုနဲ့သွားမယ်။ " (YJ)
- အခုသူကလှေကားမှာကားယားကြီး။ လက်တစ်ဖက်ကိုတစ်ယောက်ဆီကဆွဲခေါ်နေတာ။ မတော်လို့ပြုတ်ကျရင် သုံးယောက်လုံး ဝှီးကနဲဘဲ။ ဘာဖြစ်နေကြတာလဲ.....ငါကဘာအပြစ်ရှိလို့လဲ။ -
"ဒါကမဟုတ်သေးဘူးလေ။ "(SB)
"သွားကြမယ်..."(BG)
- beomgyuကပြုံးပြီး သူ့လက်ကိုဆွဲခေါ်လိုက်တဲ့အချိန် သူမနေ့ညကအဖြစ်အပျက်ကြီးကိုပြန်မြင်ပြီးတော့ beomgyuဆီကလက်ကိုရုန်းပြီး yeonjunလက်ကိုပြန်လည်ဆုပ်ကိုင်ထားမိသည်။ yeonjunကလည်းမလိုက်နိုင်တာကိုသိတယ်ထင်တယ်...လုံးဝမလွှတ်ပေးဘူး။ -
" ဟို ကျွန်တော်ဘာသာဘဲ သွားလိုက်ပါ့မယ်။
ဖြေးဖြေးလိုက်လာကြပါ...." (SB)
YOU ARE READING
Wild [Completed]
FanficStart date- 9.11.2022 Complete date- 22.3.2023 ဇာတ်လမ်းထဲတွင်ပါဝင်သော ဇာတ်ကောင်များနှင့် ဇာတ်ကွက်များသည် authorတစ်ဦးတည်း၏ စိတ်ကူးယဥ်ဖန်တီးမှုများသာဖြစ်သည်။ Idolများ၏ Imageကိုထိခိုက်စေလိုခြင်းမရှိပါ။