Uni
" မောင်သျှင်းထက်တို့က နေနိုင်လိုက်တာနော် ကိုယ့်အဒေါ်တစ်ယောက်လုံး ပြန်လာတာတောင် လာမကြိုဘူး "
အိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရသော တီသာ့အသံကြောင့် ဧည့်ခန်းဘက် ဝှေ့ကြည့်မိတော့ သျှင်းထက်ဘက်ကိုမျက်စောင်းရွယ်၍ နှုတ်ခမ်းဆူကာကြည့်နေသဖြင့် သျှင်းထက်မှာအူယားသွားရ၏ .. သူ့တီသာက ခုထိကလေးဆန်တုန်း။ ထို့ကြောင့် ဧည့်ခန်းသို့ဦးတည်သွားလိုက်၍ သူ၏အန်တီနံဘေးတွင် ၀င်ထိုင်လိုက်ကာ ..
" နေနိုင်တာမဟုတ်ပါဘူး တီသာရဲ့! သားက YC Group နဲ့ ပူးပေါင်ထားတဲ့ Project ကိစ္စအလုပ်ရှုပ်နေလို့ပါ လာကြိုချင်တာပေါ့ ကိုယ့်အန်တီလှလှလေးကို "
တီသာ့၏ပါးဖောင်းဖောင်းကို ခပ်ဖွဖွညှစ်၍ပြောလိုက်သည်ကြောင့် ပုတ်ထုတ်ခံလိုက်ရသည်။ တစ်ဆက်တည်း သျှင်းထက်ဘက်သို့ ချစ်စနိုးပုံစံဖြင့်မကျေမချမ်းမျက်စောင်းများ၀င့်ချီကာကြည့်၍ ..
" ဖယ်ပါ လူကြီးကို ဘယ်လိုလုပ်နေတာလဲ နောက်ပြီး အလုပ်၊အလုပ်နဲ့ ဒီပုံစံတိုင်းသာဆို မိန်းမရိုက်ပေးစားရမလား မသိဘူး ဒါမှမဟုတ် ယောက်ျားယူမလား "
မျက်လုံးများပေကလပ်၊ပေကလပ်ဖြင့် မေးလာသည့် တီသာ့စကားကို မကြားချင်ယောင်ဆောင်လိုက်ပေမဲ့ သျှင်းထက်၏မျက်လုံးထဲ ဟိုကောင်လေးကို ပြေးမြင်မိသည်။ မိမိကိုချစ်ခွင့်ပန်ထားသည့်ကောင်လေးလို့ဆိုရအောင်လည်း အဲလိုလည်းမဟုတ်ပြန်ဘူး သူကဘယ်လိုသဘောနဲ့ပြောသွားမှန်းမသိပဲနဲ့ ဇဝေဇဝါဖြင့်အတွေးလွန်ကာငြိမ်ကျသွားတော့ တီသာကအသံကျယ်ကြီးဖြင့် ' ဟိတ် ' ဟုနားအနားကပ်၍အော်လာမှ အသိ၀င်သွားရကာ ဆက်တွေးစရာမလိုဘူး တော်ပြီ .. တော်ပြီ .. အတွေးကိုချက်ချင်းရပ်လို့ရပြီ ဟူ၍ အတွေးများကိုဖြတ်ချကာ ရှက်ဝဲဝဲဖြင့် တီသာ့ကိုတောင်မကြည့်ရဲတော့ချေ။
" ကဲ! မြေး မတ်တပ်မေ့မနေနဲ့ရေချိုးတော့ ခနနေကျ မင်းအဒေါ်တို့ မိသားစုတွေလာတော့မှာ "
" ဟုတ် ဖိုးဖိုး "
အသိပေးသလိုပြောလာသည့်အဖိုးက သူတို့တူ၀ရီးနှစ်ယောက်စနောက်နေသည်ကိုကြည့်ပြီး မျက်နှာကပြုံးစစဖြစ်နေတော့သည်။ ထို့နောက်တီသာ့ဘက်လှည့်၍ ..
YOU ARE READING
My Boyfriend is a Billonaire ( Complete)
Fantasy𝖶𝖺𝗋𝗇𝗂𝗇𝗀 ⚠︎ ဘဝကိုအဓိပ္ပါယ်ရှိစွာ ဖြတ်သန်းလိုလျှင် အချစ်ကိုရှာပါ ။ ကိန်းသင်္ချေရောင်ခြည် (Kame Thinchay Yaung Che) // Characters Develop // Start _ 3.12.22 End _ 17.4.23 Cover form pinerest