Part 21

16.9K 763 1
                                    

Uni

ပင်ပန်းလို့အိပ်နေတဲ့လူကို သင်္ချေ့မှာမနိုးရက်။ နှိုးမိရင်လည်း ဒီနေ့ပိတ်ရက်မို့ ဆိုင်သွားဦးမယ်ဆိုတာသိနေသဖြင့်မနှိုးချင်။ ညှစ်ကျယ်ကျယ်ဖြင့်ပြုံးလိုက်ရင်း အလုပ်စားပွဲမှာထိုင်ကာ Game Update အတွက် Item အသစ်တွေကို ဖန်တီးရ၏။ အလုပ်အပ်ထားသည့် Mails အသီးသီးမှ ပြန်စာများရောက်လာမှ Idea အသစ်ထပ်ရသည်။ New Year Gift နှင့် Background Themes Design ထပ်မံဖြည့်သွင်းရမည်။

New Characters Fashion ပိုင်းအတွက်လည်း နန်းထိုက်ကိုပဲထပ်ပြီးအကူအညီတောင်းရပြန်သည်။ Security ပိုင်းကိုစစ်လိုက်တော့ နဂိုကပင်တော်ရုံထိုးဖောက်ဖို့မလွယ်သည်ကို ထပ်ပြီးအဆင်မြှင့်လိုက်သည်ကြောင့် ပိုပြီးခက်ခဲသွားရသည်။

" အွန်း! ဟား!!  ဟွား!! "

အပျင်းလိမ်သံနှင့်အတူ ငှက်သိုက်ဆံပင်ပုံစံနဲ့ ကောင်လေးတစ်ဦးနိုးထလာသည်။ လူကသာငုတ်တုတ်ထိုင်နေပေမဲ့ မျက်လုံးကခုထိမဖွင့် .. လက်နှစ်ဖက်ဖြင့် တရကြမ်းပွတ်နေတော့သည်။ ထို့နောက် မျက်လုံးကိုနှစ်ချက်၊သုံးချက်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သင်္ချေဘက်သို့ပြုံးစစဖြင့်ကြည့်၍ ..

" မောင့် "

" ဗျာ.. "

သင်္ချေက ခပ်အီအီလေးဆွဲဆွဲငင်ငင်ထူးလိုက်တော့ သွားတန်းဖြူဖြူလေးများပေါ်အောင်ပြုံးကာ ...

" ဟီးဟီး! Morning Kiss "

သင်္ချေက အလုပ်စားပွဲမှအိပ်ယာဘက်သို့ခပ်မြန်မြန်သွားလိုက်၍ နှုတ်ခမ်းပါးပါးလေးကို တခဏထိတွေ့လိုက်ပြီး ငှက်သိုက်ပုံဆံပင်လေးကို ခပ်ကြမ်းကြမ်းဆွဲဖွပစ်လိုက်သည်။

"  မျက်နှာသစ်တော့ မနက်စာပြင်ထားပေးမယ် "

" အွင်း! "

သျှင်းထက်ကခေါင်းတဆတ်ဆတ်ငြိမ့်၍ Bathroom ထဲ၀င်တော့ ဆေးထည့်ပြီးသားသွားတိုက်တံနဲ့အတူ ခေါင်းစည်းကြိုးအပျော့ကွင်းလေးကိုမြင်လိုက်ရသည်။ ရှေ့သို့ကျနေသည့်ဆံပင်များကို ထိုကြိုးနှင့်စုစီးကာ မျက်နှာသစ်လိုက်သည်။ ပြီးမှ သွားတိုက်ကာ Skin Care အဆင့်ဆင့်လုပ်ဆောင်နေရင်း ကိုယ့်ကိုကိုယ်သဘောတကျ‌ရယ်မိသည် .. ငယ်ငယ်ချောချောကောင်လေးကိုရထားသဖြင့် ထိုကောင်လေးနှင့်အညီ နုပျိုနေအောင်မလုပ်စဖူးများလုပ်နေရသည်ကို ပြည့်ပြည့်သိလျှင်ဟားလိုက်မည့်ဖြစ်ချင်း။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now