Part 9

25.3K 1.1K 51
                                    

Uni

သျှင်းထက် ယနေ့ညဧည့်သည်နဲ့ သွားတွေ့ရန်ပြင်ဆင်နေသည်။ December လကုန်ခါနီးမို့ ရာသီဥတုက ပိုအေးလာသည်ကြောင့် Suit လဲမဝတ်ချင်သဖြင့် Turtleneck အသားရောင်နဲ့ Pant အညိုရောင်ကိုတွဲကာ Topcoat အညိုရောင်ကိုထပ်ဝတ်ဆင်လိုက်သည်။ ငါးပေတစ်ဆယ်ကျော် Body ကပိန်ပိန်ပါးပါးမို့ Korean Style နဲ့သူနဲ့ကလိုက်ဖက်ပါသည်။ Hair style ကိုလည်း ခေါင်းလျှော်ပြီးသားကာစကိုပဲ Hair Coat လိမ်းကာ ထွေထွေထူးထူးဖီး,သမေနေတာ့ ။ တွေ့ရမည်ဧည့်သည်က ကျောင်းတုန်းက အသိဖြစ်သလို သူ့ကိုအချိန်အတော်ကြာစိတ်ဝင်စားဖူးသူဖြစ်သည်ကြောင့် တရိုတသေလုပ်မနေတော့ချင်...။ အရင်ကအကြိမ်ကြိမ်နှောင့်ယှက်ဖူးသည်ကြောင့် ငြင်းပယ်ချင်သော်လည်း အန်ကယ်ဘက်မှတကူးတကခွင့်တောင်းသည်ကြောင့် ငြင်းပယ်ဖို့ ခဲယဉ်းလှသည်။ အားလုံးပြင်ဆင်ပြီးတော့ သူမှန်ရှေ့ရပ်ကြည့်မိသည်။ သူ့ပုံစံကမိန်းမမဆန်ပေမဲ့ မျက်နှာအကျအနက မိန်းကလေးနဲ့တူသည်ကြောင့် မိန်းမချောချောသည့်ထဲပါသည်။ အဖိုးကေတာ့ သူ့မေမေဘက်လိုက်လို့ပါတဲ့လေ။ ပုံမှန်ဆို အရပ်ကမြင့်သည့်ထဲပါသော်လည်း မောင်နဲ့ယှဉ်လျှင် သေးသေးကွေးကွေးလေးဖြစ်သွားသည်။

ထို့နောက် ကားသော့ကိုဆွဲယူကာ ချိန်းဆိုထားသောနေရာသို့ထွက်ခဲ့လိုက်သည်။ မောင့်ကိုလည်းတည်နေရာပို့ရန်မမေ့။

VIP Room ထဲသို့၀င်လိုက်သည်နှင့် ...

"သျှင်းထက် ရောက်ပြီလား! ထိုင်လေ ဘာသောက်မလဲမသိလို့ Cocktail ပဲမှာထားပေးတယ် "

သူရ၏ပုံစံကအရေးကြီးပုဂ္ဂိုလ်တစ်‌ယောက်ကို ဧည့်ခံနေရသည်နှယ်ပျာယာခတ်နေပေမဲ့ အကြည့်များကတော့ မရိုးမသားဖြင့်ရွှန်းရွှန်းစားစားဖြစ်နေတော့သည်။

"အင်း! အလုပ်အကြောင်းပြောရအောင် "

သျှင်းထက်က အလုပ်အကြောင်းပြောဖို့စကားစလိုက်သည် .. အကြောင်းက ထွေရာလေးပါးပြောချင်စိတ်မရှိသည့်အပြင် အလုပ်မြန်မြန်ဖြတ်၍ ကောင်လေးနှင့်အတူ Night Out ထွက်ရန်တွေးထားမိသဖြင့်။

"မင်းကလဲ မိတ်ဆွေဟောင်းအချင်းချင်းပြန်တွေ့ရတာကို ဘာလို့လောနေတာလဲ "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now