Out of the rules
ကြင်ယာတော်တင်မြှောက်ပွဲ
ပြီးသွားတော့ဆောလေးလည်းသူ့အဆောင်မှာသူနားနေလေရဲ့အရှင်ပတ်ကလည်း
ကြင်ယာတော်တင်မြှောက်ပွဲ ပြီးတာနဲ့ နိုင်ငံအရေးဆွေးနွေးဖို့ညီလာခံပေါ်ရောက်နေတယ်လေ။အဆောင်ထဲမှာဆောလေးတစ်ယောက်တည်း
အချိန်ကတော့
ညနေငါးချက်ထိုးလောက်
ပွဲထဲမှာဆိုတော့ဆူဆူညံညံအသံတွေနဲ့မို့လူကနုံးချိကာပင်ပန်းနေလေသည်။အသင့်ခင်းလျှက်သားဖြစ်နေတဲ့အိပ်ရာလေးပေါ်လှဲလျှက်
တွေးနေတာတွေက
တခြားတော့မဟုတ် အရင်ကအကြောင်းတွေပါ။အမှန်တော့
ဆောလေးကအရှင်ပတ်နဲ့လပ်ထက်လိုက်ရခြင်းမှာတခြားသူတွေမသိနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။အမတ်ဂင်မ်တနည်းအားဖြင့်ဆောလေးရဲ့အဖေဟာအင်မတန်အရည်အချင်းရှိပြီး ရှင်ဘုရင်ကိုယ်တိုင်ကအားထားရတဲ့လူတယောက်ပါ။
ဒါပေမယ့်အမတ်ဂင်မ်ဟာလောင်းကစားမှာအလွန်ကိုမွေ့လျော်တတ်ပါတယ်။
လောင်းကစားတွေအလုပ်လွန်ပြီးလောင်းကြေးထပ်ရာကနေအကြွေးတွေတစ်ပုံနဲ့ဆောလေးတို့ဘဝပျက်မလိုထိဖြစ်ခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒါကိုသိတဲ့အရှင်ပတ်ဟာသူချစ်ရတဲ့သူဖြစ်တဲ့ဆောလေးရဲ့မျက်နှာကြောင့်ရောသူအားထားရတဲ့အမတ်ဖြစ်တာကြောင့်ရော
တင်နေတဲ့အကြွေးတွေကို
ဆပ်ပေးခဲ့ပါတယ်။
အကြွေးတွေကိုကျေအောင်ဆပ်ပေးခဲ့တဲ့အရှင်ပတ်ဟာငွေကြေးအတွက်ဘာမှပြန်မတောင်းခဲ့ပါဘူး။ဒါပေမယ့်တစ်ခုကိုဘဲ
အရှင်ပတ်ကတောင်းဆိုခဲ့ပါတယ်။
အဲ့ဒါကတော့ ဆောလေးကိုသူကြင်ယာတော်အနေနဲ့တော်ကောက်ချင်တယ်လို့ပြောခဲ့ခြင်းဖြစ်ပါတယ်။သေချာပေါက်ဆောလေးငြင်းခဲ့တာပေါ့။
ဒါပေမယ့်အမတ်ဂင်မ်ကတော့
အတင်းလက်ထပ်ဖို့စေခိုင်းခဲ့တယ်။ဆောလေးငြင်းခဲ့တုန်းက
သူ့အဖေပြောခဲ့တဲ့စကားတစ်ခွန်းကိုမှတ်မိနေပါသေးတယ်။"ဆောလေး....
အဖေတို့မိသားစုအတွက်အနစ်နာခံပေးလို့ရမလား"
တဲ့လေ။
YOU ARE READING
Can I believe you
Fanfiction"Hyung" အကျဉ်းထောင်တွေရဲ့ ခြားထားတဲ့တိုင်တွေကြားထဲကလက်ကိုထုတ်ပြီးကမ်းပေးတော့ သူ့ရဲ့လက်ကလေး ကိုပြန်ပြီးတော့ဆုပ်ကိုင်လာတဲ့ ဆောလေး ရဲ့လက်ဟာလည်းနွေးထွေးနေခဲ့ပါတယ်။ "niki" Unicode + Zawgyi