အချစ်ဆိုသောအရာကိုကံကြမ္မာက သတ်မှတ်ခဲ့သည်။
တစ္ဆေခြောက်မည့်အလား
တိတ်ဆိတ်ခဲ့သော
နန်းတော်တွင် မည်သူ၏အရိပ်အယောင်မျှမမြင်ရခဲ့ပေ။တီးတိုးပြောဆိုမှုများနှင့်အတူ
နန်းတွင်း၏လှိုင်းဂယက်သည်
ပြည်သူများဆီကိုပါပျံ့နှံ့
ခဲ့သည်။ရှင်ဘုရင့်ကြင်ရာတော်ကနန်းတွင်း ကချေသည် နဲ့ထွက်ပြေးသွားတယ်တဲ့လေ။
နန်းတော်တွင်အရေးပါအရာရောက်သည့်ရှင်ဘုရင်၏
ကြင်ရာတော်သည် ကချောသည်ဟူသောသူနှင့်
ထွက်ပြေးသွားသည်ဟုသောသတင်း၏နောက်တွင်
များပြားသော ဝဲဂယက် များစတင်ရိုက်ခတ်လာသည်။ကြင်ရာတော်နဲ့ ကချေသည်
ကိုဖမ်းဆီးအရေးယူရန်
တောင်းဆိုမှုများသည်လည်းညီလာခံအနှံ့ကြားနေခဲ့ရသည်။ပြည်သူများ၏ဝေဖန်မှုသည်လည်းတစ်ဆင့်ထက်တစ်ဆင့်
မြင့်မားလာခဲ့သော်လည်း
ရှင်ဘုရင်ဟုခေါ်ရသောအရှင်ပတ်ကတော့ မည်သည့်တစ်စုံတစ်ရာကိုမျှ ညွှန်ကြားခြင်းမရှိခဲ့ပေ။အချိန်အတော်မျှနှုတ်ဆိတ်ခဲ့သောအရှင်ပတ်ကိုလည်း
နန်းတွင်း၏အရေးအရာအမတ်များမှဝေဖန်ခဲ့ကြသည်။"သစ္စာဖောက်သွားတာတောင်စိတ်ကျန်နေသေးတုန်းဘဲ
ရှင်ဘုရင်ကတုံးအလိုက်တာ""ဒီလိုကိစ္စတွေတောင်မစီမံနိုင်တာနိုင်ငံကိုဘယ်လိုအုပ်ချုပ်မလဲ"
"ကချေသည်နဲ့ထွက်ပြေးသွားတဲ့ ကြင်ရာတော်ကို သံယောဇဉ် ကျန်နေသေးတာနေမှာပေါ့"
စသဖြင့်ဝေဖန်မှုများကိုအရှင်ပတ်ကြားနေရပါသည်။
အမြန်ဖမ်းဆီးပြီးအပြစ်ပေးရန်
တောင်းဆိုနေသော
အမတ်များ၏စကားသံများကိုလည်းကြားနေပါသည်။သို့သော်
သူသိပ်ချစ်သော
ဆောလေးကိုသူထို့ကဲ့သို့မလုပ်ရပ်ပါ။ဘာလို့လဲ။
အရှင်ပတ်၏အရာအားလုံးသည်ဆောလေးဖြစ်သည်။အစတည်းက
ဆောလေးကသူ့ကိုမချစ်မှန်းသိရက်နဲ့ လိုချင်စိတ်ကြောင့်သာ
အနားမှာမရရအောင်
ခေါ်ထားချင်ခဲ့တာမဟုတ်လား။
YOU ARE READING
Can I believe you
Fanfiction"Hyung" အကျဉ်းထောင်တွေရဲ့ ခြားထားတဲ့တိုင်တွေကြားထဲကလက်ကိုထုတ်ပြီးကမ်းပေးတော့ သူ့ရဲ့လက်ကလေး ကိုပြန်ပြီးတော့ဆုပ်ကိုင်လာတဲ့ ဆောလေး ရဲ့လက်ဟာလည်းနွေးထွေးနေခဲ့ပါတယ်။ "niki" Unicode + Zawgyi