ညခြောက်ချက်ခွဲအချိန်
နန်းတော်တစ်ခွင်တိတ်ဆိတ်
ငြိမ်သက်နေကာ
အများအပြား
လုပ်ရမည့်တာဝန်ကိုသာထမ်းဆောင်လျှက်ရှိကြသည်။နန်းတော်၏အကြီးမားဆုံးနေရာဖြစ်သလို
အမြင့်မြတ်ဆုံးနေရာလည်းဖြစ်သည့်
ဘုရင့်နန်းဆောင်သည်
အခန်းအတွင်း၌ မီးရောင်များစုံလင်ကာထွန်းညှိထားသည်။တင်းကျပ်သောလုံခြုံရေးနှင့်တကွ များပြားသော
အမှုထမ်းတို့မှာ
ဘုရင်နန်းဆောင်အပြင်တွင်သာရပ်နေကြရသည်။
ဒါဟာသာမန်ပါဘဲ။....ဘုရင့်နန်းဆောင်ဆိုတာ
ဘုရင်ရဲ့ခွင့်ပြုချက်မရှိ
သွားလာခွင့်ရသည့်နေရာမဟုတ်ပေ။ဒေါက်..ဒေါက်..ဒေါက်
စားပွဲကိုလက်ဖြင့်တောက်နေသောအသံဖြစ်သည်။
အခြားသူမဟုတ်
နန်းတော်ရဲ့အရှင်သခင်ဖြစ်သည်။ကိစ္စတစ်ခုခုကိုစဥ်းစားနေခြင်းကြောင့်....
မျက်လုံးကိုစုံမှိတ်ကာ
စားပွဲခုံကိုလက်ဖြင့်တောာက်နေခြင်းဖြစ်သည်။ငြိမ်သက်ကာ
အတွေးများစွာကိုပုံဖော်နေသော အရှင်ပတ်သည်
ချောမောခန့်ညားလွန်းသည်။လူတိုင်းကသဘောကျရလောက်အောင်လည်း..
ချောမောသည်မဟုတ်လား..လူတိုင်းလိုချင်တပ်မက်နေသော အရှင်ပတ်၏ နှလုံးသားကိုဆောလေးတစ်ယောက်တည်းသာ
အပိုင်စားရထားသည်။...ဆောလေးကတော့ထိုသို့မဟုတ်ခဲ့ပေ။
နိုင်ငံအရေး
ပြည်တွင်းရေး ပြည်ပရေး
အမျိုးမျိုးအဖုံဖုံ
တွေးနေခြင်းကြောင့်
မျက်ခုံးအစုံသည်တွန့်ချိုးသွားသည်။သို့ပေမယ့်
သူ၏အတွေးများကို
ရပ်တံ့ပစ်စေသော
အရာသည် သူ့ဆီကိုလှမ်းလာခဲ့သည်။....နန်းဆောင်အပြင်ဘက်က
အော်သံဖြစ်သည်။
ဆူညံရုံမျှသာကြားရသော်လည်းသူထွက်မကြည့်ချင်ပေ။.............
"ကြင်ယာတော်ဝင်လို့မရပါဘူး"
"မင်းတို့ကငါ့ကိုတားနေတာလား"
ဆောလေးတစ်ယောက်
သူ၏ချစ်ရသူ
ဖမ်းခေါ်ခံရမှုကြောင့်
ပြေးလာခြင်းဖြစ်သည်။
YOU ARE READING
Can I believe you
Fanfiction"Hyung" အကျဉ်းထောင်တွေရဲ့ ခြားထားတဲ့တိုင်တွေကြားထဲကလက်ကိုထုတ်ပြီးကမ်းပေးတော့ သူ့ရဲ့လက်ကလေး ကိုပြန်ပြီးတော့ဆုပ်ကိုင်လာတဲ့ ဆောလေး ရဲ့လက်ဟာလည်းနွေးထွေးနေခဲ့ပါတယ်။ "niki" Unicode + Zawgyi