1952ခုနှစ် ၊မတ်လ 6 ရက်
ပူပြင်းလှတဲ့နွေရာသီကို အန်တုရင်း ချင်းမိုင်မြို့ကို စံအိမ်တော် အပေါ်စီးကနေ ငေးမောကြည့်နေခဲ့မိတယ်...
" သခင်လေး...ပျင်းလို့လားဟင် "
"အင်း Phu ...ပျော်စရာ ဘာရှိလဲဟင်...ငါ အရမ်းပျင်းတာပဲ "
"သခင်မကြီးတို့ ပြောနေသံကြားတာတော့ ညနေစောင်းကျရင် ဇာတ်ပွဲသွားကြည့်ကြမယ် ပြောတယ် "
"ဇာတ်ပွဲကတော့ မကြည့်ချင်ပါဘူး Phuရယ်... ဆိုင်းသံ ဗုံသံတွေနဲ့ တကယ်ပျင်းဖို့ကောင်းတယ် "
"သခင်လေးမသွားရင် သေချာပေါက် နောင်တရမှာနော် "
"မင်းကြည့်ချင်ရင် ကြည့်ချင်တယ်ပေါ့...ဘာလို့ ငါကနောင်တရရမှာလဲ ကြည့်ချင်ရင် မင်းဘာသာ မေမေကြီးတို့နဲ့ လိုက်သွားပါလား "
"တကယ်ပြောတာ သခင်လေးရဲ့ ...ဒီညရုပ်သေးပွဲလည်းပါတယ်တဲ့ Sumettikulမိသားစုက သားအငယ်ကိုယ်တိုင် ကြိုးဆွဲကမှာတဲ့ "
"ဘယ်လို ရုပ်သေးပွဲပါတယ်လား... ရုပ်သေးပွဲ မကြည့်ရတာ ကြာပီမဟုတ်လား လာနောက်မနေနဲ့နော် "
"ဟောဗျာ...သခင်လေးမယုံရင် မလိုက်နဲ့ ... ရာမဇာတ်တော်ကြီး ကမှာတဲ့ဗျ "
"မနောက်နဲ့နော် Phu...ရုပ်သေးပွဲ မကြည့်ရတာ ဘယ်လောက်ကြာပီလဲ "
"သခင်လေးရယ် ဒါမျိုးကနောက်စရာလား...ညက ပွဲကြည့်ဖို့သွားမယ်မလား "
"အဟမ်း...ငါက သိပ်မသွားချင်ပါဘူး မင်းကြည့်ရတာ တအားသွားချင်နေပုံပေါ်နေလို့ လိုက်ပို့ပေးမယ် "
"ဘယ်လိုဖြစ်ဖြစ်ပါ...ညက ပွဲသွားကြည့်ရတော့မယ်...ဟောဒီ ချင်းမိုင်တစ်မြို့လုံးမှာ သခင်လေးကအချောဆုံးဗျ "
…………….......….………
ည၈နာရီကျော်အချိန်လောက်မှ Phuနဲ့ကျွန်တော်ပွဲခင်းထဲကိုရောက်ရှိလာခဲ့တယ်...ရေနံဆီမီးတိုင်ထိန်ထိန်ငြီးနေတဲ့ကြားထဲမှာ သာမန်လူတန်းစားတစ်ရပ်ကတော့ ဖျာချပ်တွေခင်းထိုင်ရင်း သူဌေးသူကြွယ်၊ကုန်သည်ပွဲစားတို့ကတော့ထိုင်ခုံပေါ်အငြိမ့်သား။ ။ ကျွန်တော့်အဖေက မြို့စားမင်းဆိုတော့ သေချာပေါက်အခွင့်ထူးခံပေါ့ ...လူသားချင်း အတူတူ အဆင့်အတန်းခွဲခြားနေမှုကြီးကို သိပ်မုန်းတာပဲ