1952ခု မတ်လ 9ရက်
"အဟွတ်...အဟွတ်"
"ဟင် ...ခင်ဗျား လာပြန်ပီလား ...ဘာလာလုပ်ပြန်တာလဲ ကျွန်တော်တို့ရဲ့နိမ့်ကျတဲ့ သဘင်သည်တန်းလျားနဲ့ သခင်လေးနဲ့မလိုက်ဖက်လို့ပါ... မတန်မရာမြေကို ချနင်းပီး Puttha အိမ်တော်ရဲ့ တစ်ဦးတည်းသောသခင်လေးရဲ့ ခြေဖဝါးတော်နုနု သွေးခြေဥနေပါ့မယ် "
"Buiကို နှင်မလွှတ်ပါနဲ့နော် ...Buiက အဲ့ဘက်ကလူကို တကယ်ခင်မင်ချင်လို့ပါ... အနှောင့်အယှက်လည်းမပေးပါဘူး Bui ငြိမ်ငြိမ်ထိုင်နေပါ့မယ်... အဲ့ဘက်ကလူ ရုပ်သေးကြိုးဆွဲတာကိုကြည့်ချင်လို့ နေမကောင်းတဲ့ကြားကနေ လာခဲ့တာပါ... မနှင်ပါနဲ့နော်"
နှင်မလွှတ်ဖို့တဖွဖွပြောနေတဲ့လူသားလေးက နေဗီပြာရောင်ပိုးထည်ကိုဝတ်ဆင်ထားလို့ထင်ပါရဲ့ အသားအရည် ဖြူနုနုဟာ နေရောင်ခြည်အောက်မှာ တောက်ပနေခဲ့တယ်... နေမကောင်းလို့ ခပ်ရဲရဲဖြစ်နေတဲ့ ပါးအို့နီနီလေးတွေဟာ နှင်းလုံးလေးလိုဖြူစင်တဲ့သူ့မျက်နှာလေးနဲ့ ပနံသင့်နေပြန်တယ်...မျက်ခမ်းရဲရဲလေးတွေမှာလည်း မျက်ရည်စတွေ ဝေ့သီနေပြန်တော့ ခါးခါးသီးသီးမနှင်ထုတ်ရက်... သက်ပြင်းရှည် တစ်ခုကိုသာ ပင့်သက်ရှိုက်ရင်း အသာအယာခေါင်းငြိမ့်မိပြန်တယ်...
ခင်ဗျားသိရဲ့လား လူတစ်ယောက်ကို တစ်ကြိမ်တစ်ခါအရှုံးပေးမိသွားရင် ထပ်ခါတလဲလဲလည်း အရှုံးပေးမိပြန်ရောတဲ့"ဒါဖြင့်လည်း သင့်တော်တဲ့တစ်နေရာရာမှာ ငြိမ်ငြိမ်ထိုင်နေပါ ... ကျုပ်က ညပွဲကဖို့ ကကွက်တွေကျင့်ရဦးမယ်...သခင်လေးကို အဖော်မပြုပေးနိုင်ဘူး...မနေချင်ရင်လည်း ပြန်လို့ရပါတယ်"
"ရတယ် ရတယ် ...Bui မပြန်ပါဘူး ...အဲ့ဘက်ကလူကိုလည်း အနှောင့်အယှက်မပေးပါဘူး...ဒါနဲ့ နာမည်လေးတော့ ပြောပြသင့်တယ်မဟုတ်လားဟင်... အမြဲ အဲ့ဘက်ကလူလို့ခေါ်နေရရင်မကောင်းဘူးမလား"
"ကျစ်... ခင်ဗျားကို ငြိမ်ငြိမ်လေးထိုင်နေလို့ပြောတယ်လေ...ကျုပ်လို့ သာမန်အညတရသဘင်သည်ရဲ့နာမည်က အဲ့လောက်ထိ အရေးပါနေလား...ခင်ဗျား မေးပြောခေါ်ထူးလုပ်ရမယ့် အဆင့်အတန်းမဟုတ်တာမို့ စိတ်ဝင်စားမနေပါနဲ့"
![](https://img.wattpad.com/cover/325345260-288-k188381.jpg)