1952ခုနှစ် ၊မတ်လ 7 ရက်
"မြန်မြန်လာပါ Phu...ရုပ်သေးပွဲနောက်ကျနေတော့မယ်"
"ခုချိန်မှ ပဏာမအစီအစဉ်ပဲရှိဉီးမှာပေါ့...သခင်လေးက အရမ်းလောတာပဲ... မသိရင် ရည်းစားနဲ့ချိန်းထားတာကြနေတာပဲ"
"မင်း...မင်းနော် မဟုတ်တာမပြောနဲ့...ဒါနဲ့ ငါဒီနေ့ကြည့်ကောင်းရဲ့လားဟင် "
ပါးနုနုလေးတွေရဲနေတဲ့အထိ ရှက်သွေးဖြာနေတဲ့ သခင်ငယ်လေးဟာ မိုးပြာရောင်ပိုးသားရိုးရာဝတ်စုံနဲ့ သိပ်လိုက်ဖက်နေတယ်...
ငယ်စဉ်ကတည်းက အတူကြီးပြင်းလာတာမို့ အပိုစကားဆိုတာမဟုတ်ပေ...သခင်လေးအလှက တည်ငြိမ်ပီးရင်အေးစေတဲ့အလှမျိုး... ယောင်္ကျားလေးတစ်ယောက်ကိုလှတယ်ဆိုတဲ့အသုံးအနှုန်းမျိုး မသုံးသင့်ပေမယ့် ကျွန်တော်ရဲ့သခင်လေးက သိပ်ကိုလှတယ်...သခင်လေးကိုငြင်းဆန်တဲ့သဘင်သည်အကြောင်းတွေးလိုက်မိတာနဲ့ စိတ်ထဲမှာအချဉ်ပေါက်လာခဲ့တယ်..."Phu...ဘာတွေတွေးနေတာလဲ...ငါမေးနေတာ ကြားရဲ့လား ...ငါ ဘယ်လိုနေလဲလို့ "
"ဟောဒီ ချင်းမိုင်မြို့မှာ သခင်လေးလောက် ခန့်ညားတဲ့လူရှိပါ့မလား...သေချာပေါက် ကျွန်တော့်သခင်လေးက အချောဆုံးပေါ့ "
"သွားကြမယ်... ဟိုတစ်ယောက်နဲ့စကားပြောချင်လို့ "
****************************
"မင်္ဂလာညချမ်းလေးပါနော်... ဒီနေ့ည ရုပ်သေးပွဲက ဘာကမှာလဲဟင် ""ပွဲပိုင်ရှင်ကိုသွားမေးကြည့်ပါဗျ...ကျွန်တော်မအားဘူး"
"ဘာ မအားတာလဲ...ဘာမဟုတ်တဲ့ရုပ်သေးအစုတ်ကိုဖုန်သုတ်နေတာများ"
အလိုလိုက်ခံသခင်လေးတစ်ယောက်မို့ လိုချင်တာမရတဲ့အခါ မဆင်ခြင်ပဲပြောလိုက်မိတဲ့စကားရဲ့နောက်ကွယ်မှာ အဲဒီလူရဲ့အကြည့်စူးစူးတစ်ချက်ကိုသာပြန်ရတယ်...
"ခင်ဗျားတို့လို ဓနရှင်တွေအတွက်တော့ ဘာမဟုတ်တဲ့ရုပ်သေးအစုတ်အပြတ်ပေါ့...ကျုပ်တို့လို မျိုးရိုးနိမ့်တဲ့သူအတွက်တော့ ထမင်းရှာဖွေကျွေးမွေးနေတဲ့ကျေးဇူးရှင်ပါ...ပွဲကြည့်မယ်ဆိုရင်တော့ ပွဲခင်းထဲသာကြွပါ Putta သခင်လေးခင်ဗျ...ဒီလိုနိမ့်ကျတဲ့ ဇာတ်စင်အနောက်ကို ဘယ်တော့မှထပ်မလာပါနဲ့ "
![](https://img.wattpad.com/cover/325345260-288-k188381.jpg)