So Near And Yet So Far
နီးလျှက်နဲ့ဝေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အစ်ကိုဆေးရုံက ဆင်းပြီးနောက်ပိုင်း အစ်ကိုအားရှိစေအောင် အစားအစာများကိုချက်ကြွေးဖြစ်သည်။အိမ်ကိုဖုန်းဆက်ကြည့်တော့လည်း အန်တီချစ်စိန်က သက်သာသည်ဟူ၍စိတ်အေးရသည်။~~~~~~~~~~~~~♥♥♥
ဒီနေ့က အဖေဆုံးတဲ့ နှစ်ပတ်လည်နေ့။အဖေ့အတွက်ကုသိုလ်ကောင်းမှုလေးတစ်ခုခုပြုလုပ်ပေးချင်တာကြောင့် ဟိုတစ်ခါမိဘမဲ့ဂေဟာလေးမှာပင် လှူဖို့ဆုံးဖြတ်လိုက်သည်။အလုပ်ကအပြန်နောက်ကျမည်ဖြစ်ကြောင်းအစ်ကို့ကိုလှမ်းပြောတော့အစ်ကိုကလည်းသွားစရာရှိသည်တဲ့။~~~~~~~~~♥♥♥
"ဟိုတစ်လောကလာတဲ့ အစ်ကိုမဟုတ်လား Drနဲ့အတူလာတဲ့အစ်ကိုလေ ဟို အစ်ကိုသရသွေးသစ်မဟုတ်လား""ဟုတ်ပါတယ် ပီတိ"
"ဒီတစ်ခါ Drမပါဘူးလား"
"အွန်း မပါဘူး ပီတိအစ်ကိုတစ်ယောက်တည်း"
"ဟွန်း..."
"ဘာလဲပီတိ Drကိုလွမ်းလို့လား"
"အယ် မဟုတ်ပါဘူး ဗျ ဒီလိုဘဲမေးကြည့်တာပါဟီး ဟို ကျွန်တော် ဆရာမကြီးကို သွားအကြောင်းကြားပေးမယ်နော်"
နားရွက်ဖျားလေးတွေရဲကာရှက်သွားတဲ့ကောင်လေးက ကျွန်တော့်ရှေ့မှလှစ်ခနဲနေအောင်ပြေးသွားသည်။ဆရာမကြီးနှင့်တွေ့ပြီး အလှုငွေပေးကာ ကလေးများနှင့်ဆော့နေဖြစ်သည်။
"တိုတို တိုတို"
"ဗျာ ဗျ"
"တားတို့ကိုလေ ပုံကြင်ကျောကြပါရား"
"ပုံပြင်လား အင်း...."
ကျွန်တော်စဉ်းစားဟန်ပြုတော့ ဘေးက ပေါက်စလေးတွေက မျက်လုံးလေးတွေဝိုင်းကာ မျှော်လင့်တကြီးကြည့်နေကြသည်။
"ပြောပြမှာပေါ့ကွ"
"ဟေး...တာမှ တို့ တိုတိုတွ"
"အဲ့တာဆို ကြက်ကလေးနဲ့ ကျားကြီးအကြောင်းပြောပြမယ်လေ နားထောင်မယ်မဟုတ်လား"
"နားတောင်ပါမယ်"
ထိုအချိန် ပီတိကပါ တစ်နှစ်အရွယ်ကလေးလေးကိုချီပြီးရောက်လာသည်။
YOU ARE READING
So Near And Yet So Far(နီးလျှက်နဲ့ဝေး)(Complete)
Romanceတစ်ဖက်သက်အချစ်နဲ့အနစ်နာခံချစ်နေတဲ့ကောင်လေးနှင့် ထိုကောင်လေးကိုမုန်းနေတဲ့ကောင်လေး နှစ်ယောက်အကြောင်း တစ်ဖက်သက်အချစ်နဲ့အနစ်နာခံချစ်နေတဲ့ကောင်လေးနှင့် ထိုကောင်လေးကိုမုန်းနေတဲ့ကောင်လေး နှစ်ယောက်အကြောင်း