" ကျွန်တော် သိပြီ။ ကျွန်တော် ဒီအိမ်ရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရဲ့လျှို့ဝှက်ချက်ကို သိသွားပြီ "ဖုန်းပြောနေတဲ့လူတစ်ယောက်ရဲ့အသံဟာ တီးတိုးလွန်းလှသည်။ ညနက်ကြီးပင်ဖြစ်လင့်ကစား အင်မတန် နားထောင်ရခဲလွန်းလှလေသည်။ သို့သော် တစ်ဘက်လူဘက်မှ အသံကတော့ ကြိုးဖုန်းစပီကာကိုကျော်လွန်၍ ဝမ်းသာအားရရှိနေသည်။
" ဘာလဲပြောစမ်း မောင်လွင်... "
" ဟဟဟ ဖြစ်ချင်တော့ သူက ......အ!....."
" ဟလို... မောင်လွင် ... မောင်လွင်.. ဟလို"
မောင်လွင်၏အသံကားရုတ်ချည်း တိတ်ဆိတ်သွားလေပြီ။
" မင်းက ငါ့အိမ်အကြောင်းကိုသိချင်တယ်ပေါ့...."
မောင်လွင့်အသံအပြီးမကြာခင်ထွက်လာသော ပီပီသသ ဗမာစကားသံဖြစ်သည်။ ထိုအသံသည်ကား သူကြွယ်စံမွန် အတွက်နှစ်ခါစဉ်းစားစရာမလိုသော လူတစ်ယောက်၏အသံဖြစ်သည်ကား...
"အချိန် နှစ်ရက်ပေးလိုက်မယ် မင်းကို မြန်မာမြေမှာ မတွေ့ရစေနဲ့။ နို့မို့ဆို ငါ ရာဇာကျော် ရဲ့အကြောင်းကိုသိတယ်နော်... မင်းတပည့်လို အသက်ထွက်မှန်းမသိ ထွက်သွားမယ်... နားလည်လား "ဩဇာငြိမ့်ပြီး တစ်လုံးချင်းဆီခပ်အေးအေးပြောနေပုံက တစ်ဘက်လူအတွက် ကင်ဆာလို သေမိန့်တစ်ခုချပေးလိုက်သလိုမျိုး။
ခလုတ်ဖုန်းကို တပြည့်တစ်ယောက်ကကိုင် ပေးထားပြီး ရာဇာကျော် ကိုယ်တိုင်ကတော့ ဆံချည်မျှင်ပင်ပြတ်နိုင်သောဓား ၊ အစောကပင် သွေးသောက်လိုက်သော တစ်ထွာလောက်ဓားကို လူသေကောင် မောင်လွင်၏ ပုခုံးသား တီရှပ်တွင် သွေးပြောင်အောင်သုတ်ချေနေပြီ။
ဖုန်းတစ်ဘက်က မောင်လွင့်၏ ဆရာ သူကြွယ်စံမွန်ကား စကားပြောရန်အစအနရှာမတွေ့တော့ပေ။ သူ့တပြည့်လေးကား မန္တလေး ရာဇာကျော်လက်တွင်း၌ အသတ်ခံလိုက်ရသလို သူလည်ပင်းကားလည်း ရာဇာကျော် ဓားဖြင့်တွေ့တော့မည်ကိုတွေးမြင်ယောင်နေမိသည်။ မူမမှန်တော့တဲ့ လက်ဟာ တုန်လှုပ်နေပြီး ရာဇာကျော် ရဲ့ပါဝါအာဏာတွေကို ဖိတ်ဖိတ်တုန်အောင်ကြောက်ရွံ့နေပြီးဖြစ်သည်။