စံအိမ်အတွက် ဝန်းတစ်ခု ထပ်ကာထားပြီး ထိုဝင်ပေါက်၌ တိုက်ဂါးထပ်အနည်းငယ်အရပ်မြင့်သောလူနှစ်ဦးက တစ်ဘက်ဆီတွင်ရပ်နေ၏။ ထို့နောက်စံအိမ်အတွင်းသို့ဝင်မည်ဖြစ်သော တိုက်ဂါးကို အဝတ်အစားများနှင့် အိတ်ထောင်များ အတွင်းသို့အမျိုးမျိုးကိုင်စစ်ကြည့်ကြသည်။ ပြီးနောက် ဒဏ်ရာတွေနဲ့ သူဟာ ပတ်တီးတွေနေရာအနှံ့ဖြစ်နေတာမို့ ပတ်တီးတွေအထဲမှာ လက်နက်ပစ္စည်းတို့ဖွက်ထားမည်ကို စိုးရိမ်တာကြောင့် ဖြည်ကြည့်ရန် ပြောသည်။" ရတယ် ပတ်တီးစည်းတုန်းကငါကိုယ်တိုင်ရှိတယ်။ ဆေးခန်းကနေ တောက်လျှောက်လည်း ငါခေါ်လာတာ... ဘာမှမပါဘူး "
နံဘေးမှ ဦးတွေးဘံ ကိုယ်တိုင် အာမခံ မှ ထိုလူထွားကြီးတို့က အချင်းချင်းကြည့်ကာ ခြံတံခါးကိုဖွင့်လိုက်ကြသည်။
သက်တော်စောင့်တန်းလျားခြံနှင့် စံအိမ်ခြံတို့ ကွာခြားချက်ကိုထိုမှသိသိသာသာမြင်ရသည်။ စံအိမ် တွင် မန္တလေး၏အဆိုးဆုံး ဦးရာဇာကျော် နေသည်ဟူ၍ပင်မထင်ရလောက်အောင် သစ်ပင်ပန်းမန် များနှင့် အင်မတန်မျက်စိအေးသည်။ အိမ်အလည်ပတ်ဝိုင်းအတွင်း လူတစ်ရပ်ကျော်စာလောက်ရှိသောနတ်သိကြားရုပ်ထုကြီးရှိ၏။ ထိုရုပ်ထုကြီးသည် ရင်ဘတ်နား၌လက်အုပ်ချီထားကာ ထိုလက်အုပ်ထဲတွင် ခရုသင်းရှိ၏။ ထိုခရုသင်းမှ ရေတို့ အသာအယာကျနေပြီး ရေတံခွန်လေးအား ဒီဇိုင်းတစ်မျိုးဖြင့် သဘောကျဖွယ် ပူဇော်ထားသည်။
စံအိမ်၏ အဓိကအကျဆုံး အဝင်ပေါက်ကား တိုက်နှစ်ထပ်စာလောက်မြင့်ပြီး ဝင်ပေါက် တစ်ဘက်ဆီတွင် ခြေင်္သ့ တစ်ကောင်ဆီသည် ဝပ်တွားထိုင်နေပြီး အကြည့်စူးစူးတို့ဖြင့်လာရာအပေါက်သို့ခေါင်းပြူထားသော ရုပ်ထုနှစ်ခုကိုလည်းတွေ့ရသည်။ ခက်ထန်ခြင်း၊ သိမ်မွှေ့ခြင်း ၊ ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို တစ်ဆက်တည်းတွေ့လာရသောအခါ တိုက်ဂါး စိတ်ထဲ ဦးရာဇာကျော် ၏စိတ်ထားကိုသဘောပေါက်သလိုရှိသွားသည်။ ဦးရာဇာကျော် ၏ပင်ကိုယ်စရိုက်ကိုဖော်ပြနေသော သူ့၏ စံအိမ်အပြင်အဆင်တို့သည် စံထားလောက်အောင် လက်ရာမြောက်လွန်းလှပါ၏။ ဝင်ပေါက် အပေါ်နားနေရာလွတ်တွင် "RarZ" ဟူသော ရွှေရောင် အင်္ဂလိပ်စာတန်းကြီးရေးထိုးထားသည်။ ထိုသည်ကား ဦးရာဇာကျော်၏ အယောင်ဆောင်စီးပွားရေးလုပ်ငန်းများ၏ သင်္ကေတတစ်ခုပင်ဖြစ်သည်။