S

474 39 3
                                    

ကောင်မလေးတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေရခြင်းမှာ သူရဲ့ အိပ်မက်ကလေး လှနေလို့သာ ဖြစ်ပါလိမ့်မယ်။
နတ်သမီးလေးတွေ လှလိုက်တာ အယ် မှားလို့မှားလို့ နတ်သားလေးတွေ ချောလိုက်တာ.. အိပ်မက်ထဲထိ ဂေးနေတဲ့ ကိုယ့်ကိုကိုယ်သဘောတကျပြုံးနေတဲ့ အခိုက် နတ်သားလေး တစ်ပါးက သူမရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်လိုက်ရင် သူမရဲ့ နှုတ်ခမ်းတွေကို ကြည့်နေတဲ့အခိုက်အတန့်လေးမှာ

"အန်းယူဂျင်း!! နောက် ၅မိနစ်နေလို့မှ မထလာရင် ငါနင့်ကို ရေနဲ့ လာပတ်မယ်"
စိန်ကောင်းကျောက်ကောင်း ရောင်းတဲ့နေရာမှာ ဆေးရိုးသည်က ကန့်လန့်ဆိုတာ ‌ယူဂျင်းတစ်ယောက် တကယ်ယုံသွားပါပြီ
အနမ်းခံရမယ့် အချိန်မှာမှ မာမီမေမေမားသားရဲ့ စပီကာကို Volume အပြည့်တင်ထားတဲ့ အသံကြောင့် အိပ်မက်မပြောနဲ့ ရှိသမျှ အိပ်ချင်စိတ်ကလေးတောင် ဒုန်းယဉ်ပျံ စီးသလို ဝှီးကနဲဆိုပြီး ပျောက်သွားရပြီ..

နိုးနိုးချင်းချင်းနာရီကို ကြည့်မိတော့ 8:00AM
ဟိုက်သွားပြီ ကျောင်းက 9နာရီဆိုစပြီး ဒီပုံစံအတိုင်းဆို မှီမှာမဟုတ်ဘူး။

"ဟဲ့ မနက်စာ မစားသွားဘူးလား "
"နောက်ကျနေပြီ ဘိုင့်ဘိုင့် မေမေမာမီမားသားရေ"

မေမေကတော့ နောက်ကနေ ပွစိပွစိ ပြောနေရင် ကျန်ခဲ့မည်မှာ မလွဲဧကန်ပဲ၊ ခြံတံခါးကို ဆွဲဖွင့်လိုက်တော့ တစ်ဖက်အိမ်က ဂါအူးလ် က စိတ်ပျက်လက်ပျက်နဲ့ သူ့ကို ကြည့်နေသည်။

" ဟဲဟဲ ငါ့ထက် နောက်ကျတဲ့သူရှိသေးတာပဲ"
" နင်နဲ့ ရိုဘင်နဲ့ မောင်နှမဆို ယုံကြမှာသိလား တကယ်ပဲ အမြဲတမ်း နောက်ကျလိုက်ရမှ" ဂါအူးလ်ရဲ့ စိတ်ဆိုးဆိုးရေရွတ်သံ အပြီးမှာ ယူဂျင်း တစ်ဖက်သို့လှည့်ကာ ရှုံ့တွနေလိုက်သည်။

"အံမယ် ငါလည်း ယူဂျင်းနီးကိုပဲ အစ်မတော်ချင်တာ နင်လို့ လူပုစိတ်တိုကို အစ်မ မတော်ချင်ပေါင် "
" Right " ရိုဘင်ရဲ့ အပြော ကို ယူဂျင်း ထောက်ခံပြီးသည်နှင့် တစ်ပြိုက်နက် ရိုဘင်ကို လက်ဆွဲပြီး ပြေးရသည်။
"ကင်မ်ရိုဘင် အန်းယူဂျင်း နင်တို့နှစ်ယောက်တော့ သေပြီသာမှတ်"

𝐽𝑢𝑠𝑡 𝐿𝑜𝑣𝑒 [ayj_jwy]Where stories live. Discover now