M

295 35 1
                                    

အချစ်=ဂျန်းဝန်းယောင်း
ဒီညီမျှီခြင်းကို ပြေလည်အောင် ရှင်းဖို့ဆိုရင် အန်းယူဂျင်း ဆိုတဲ့နာမည်က လိုလာလိမ့်မယ်။ အန်းယူဂျင်းမှ မဟုတ်ရင် ညီမျှခြင်းက ပြေလည်မည် မဟုတ်ပါ။
အချစ်=ဂျန်းဝန်းယောင်း+အန်းယူဂျင်း

မနေ့က သရက်သီးခူးရ ပြေးရလွှားရတာကြောင့် ပင်းပန်းနေ၍ ဒီနေ့ အိပ်ယာထနောက်ကျသည်။ ဒါက အကြောင်းပြချက်ဖန်တီးရုံပါ။ အမြဲနောက်ကျရတာ ဝါသနာလိုတောင် ဖြစ်နေပြီ။

ဒီနေ့တော့ တစ်ယောက်တည်း ကျောင်းလာရတယ်
ရိုဘင်နဲ့ဂါအူးလ်က အသင်းတာဝန်ကျ၍ စော၍သွားနှင့်သည်။

ကျောင်းပေါက်ဝတွင် မထင်မှတ်ထားတဲ့ လူနှင့်တွေ့သည်။
ယူဂျင်းလိုလူက နောက်ကျတာ ထားပါ။ သူလို စာတော် အချိန်မှန်တဲ့ အလှလေးက နောက်ကျနေတာ ဘာအကြောင်းများကြောင့်ပါလိမ့်..

"တော်သေးတယ် အလှ‌‌လေးက လူမလို့ပဲ နဂါးသာဆို ငါမလွယ်ဘူး တွေ့တာနဲ့ မျက်စောင်းချည်းထိုးမနေနဲ့ ၊ ဆွေစောင်းသွားဦးမယ် "
"နင်နဲ့ စကားပြောဖို့ အချိန်မရှိဘူး ဖယ်"

အန်းယူဂျင်းနဲ့တွေ့ရတာ တကယ့် ကံမကောင်းခြင်းဘဲ။
ကျောင်းနောက်ကျတဲ့ရက်မှ အပေါက်ဆိုးတဲ့ ဆရာနဲ့ လာတိုးနေတယ်။
မမြင်ချင်မှ တဆုံး ညနေလည်း သူနဲ့ အတူ သန့်ရှင်းလုပ်ရဦးမယ် ဟူးးးးးး

ထမင်းစားချိန်တွင်
"ရိုဘင် စကားပုံတွေကလည်း လွဲမှားတတ်တယ်လို့ နင်ထင်လား"
"အင်း ထင်တယ်"
ဂါအူးလ်ကတော့ ဘာတွေ ပြောတော့မယ်ဆိုတာ သိနေ၍ထင်သည်။ အတန်းကို ပြန်နှင့်မယ်ဆိုကာ လစ်ထွက်သွားသည်။

တစ်ဖက်က စကားသံတွေကြောင့် ဝန်းယောင်း စိတ်တော်တော် ညစ်နေသည်။ မတွေ့မမြင်မကြားချင်မှ တစ်ဆုံး ‌ဒီလူတွေနဲ့ ဘယ်လိုရေစက်ပါလာလဲ မသိပါဘူး။ ခုလည်း စကားကြီးစကားကျယ်တွေ ဆိုတော့မယ်ထင်တယ်

"လူပု စိတ်တိုဆိုတဲ့ စကားကို မှန်တယ်ထင်လား"
"ထင်တယ် ပြေးကြည့်စရာမလိုဘူးလေ ဥပမာ ဂါအူးလ်ပေါ့"
ဂါအူးလ်မရှိတာတော်သေးတယ် မဟုတ်ရင် နှစ်ယောက်လုံး အထုခံရမှာ
"အေးလေ ရှေးစကားတွေအရ လူပုလို့ စိတ်တိုတာ ထားပါ အရပ်ကလန့်ကလားနဲ့ အမြဲစိတ်တိုနေတဲ့သူတွေက ဘာလို့လဲဆိုတာ စဉ်းစားမရဘူး အပေါ်စီးကနေ ကြည့်ရတယ်ဆိုပြီး ဘဝမြင့်နေတာများလား မဟုတ်ရင် သူတို့ကြိုက်နေတဲ့ သူရှေ့မှာမှပဲ စိတ်တိုပြနေတာလားဆိုတာ စဉ်းစားစရာလို့ မထင်ဘူးလား"
ယူဂျင်းတို့နောက်ကျောက စားပွဲမှာ အလှလေး တို့ ထိုင်နေသည်။ အများကြီးမဝေး၍ ယူဂျင်းတို့ပြောတာ သူမ ကြားမှာ သေချာတယ်။ သူမ ကြားအောင် တမင်ရည်ရွှယ်၍ ပြောခြင်းလည်းဖြစ်သည်။

𝐽𝑢𝑠𝑡 𝐿𝑜𝑣𝑒 [ayj_jwy]Where stories live. Discover now