E

447 37 6
                                    

ဇာတ်လမ်းတစ်ပုဒ်ရဲ့ Ending မှာ ဇာတ်လိုက်နှစ်ယောက်ကို ပေါင်းပေးသင့်တယ်မလား။
စွယ်တော်ရွက်ဟာလည်း နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တယ်။
တစ်စုံရှိမှ တစ်ခုဖြစ်မှာလေ....
ဥပမာ ( ဂျန်းဝန်ယောင်း + အန်းယူဂျင်း‌) တစ်စုံ= အချစ် (တစ်ခု)

မတွေ့ချင်မမြင်ခဲ့တဲ့ လူတစ်ယောက်ကို မတွေ့ရတာ ပျော်ရမယ့် ကိစ္စ မဟုတ်လား။ ဒါကို ဝန်းယောင်းက ဘာလို့ ဝမ်းနည်းနေရတာပါလိမ့်။
ဟုတ်ပါတယ် သူမ ယူဂျင်းကို မတွေ့ရတာ တစ်ပတ်ရှိပါပြီ
အခန်းတူ အတန်းတူပေမယ့် မတွေ့ရပါဘူး။ မတွေ့ဆို အန်းယူဂျင်းက ကျောင်းကိုတောင် မလာလို့ပါပဲ။ ထိုရက်တွေအတွင်းမှာ သူ့သူငယ်ချင်း ရိုဘင်ဆိုသူရဲ့ မျက်နှာဂာလည်း ဝမ်းနည်းရိပ်တွေ သမ်းနေသယောင်။

ဒီနေ့တော့ အန်းယူဂျင်း ကျောင်းတတ်ပါသည်။ လူပုံက ချိနဲ့နဲ့ အား‌နည်းနေသလိုပဲ။ သူမ စိတ်ထင်တာပဲ ဖြစ်မှာပါ။

"ရော့" အနီရောင် နှင်းဆီပန်းလေးနှင့် အတူ အန်းယူဂျင်း
ဒီတစ်ခါတော့ ပို့စ်စကတ်လေး ပါမလာဘူး။ သူမသိ‌ချင်နေတဲ့ အရာကို
"ပို့စ်စကတ်က သေးလွန်းတယ် ငါ့အချစ်တွေနဲ့ မဆံ့ဘူး
အဲ့တော့ ငါ့အချစ်တွေကိုသိရအောင် နင်က ငါ့ရင်ခွင်ထဲကို ဝင်မှရမယ်" မျက်စိတစ်ဖက်မှိတ်ပြသွားပြီး သူခုံမှာ သွားထိုင်နေသည်။

အမြဲတမ်းတည်နေတဲ့ ကောင်မလေးရဲ့ မျက်နှာဟာ ဒီနေ့တော့ အပြုံးလေးတွေ ပွင့်လန်းလာပါပြီ။

" အဲ့တာ ယူမယ်"
"အဲ့တာ ယူမယ်"
တစ်ပြိုင်တည်း ထွက်လာသည့်အသံကြောင့် ဘေးကို လှည့်ကြည့်မိသည်။ ရုပ်ချောတဲ့ပတ်ဆောင်ဟွန်းပဲ ။

"မရပါဘူး ညီမအရင် ယူထားတာ"
" မရပါဘူး အစ်ကို ယူထားတာ "
ဒိန်ချဉ်က တစ်ဘူးပဲ ရှိသည့်မို့ နှစ်ယောက်သားလုနေရသည်။
ယူဂျင်း အဲ့ဒီတစ်ယောက်ကို ကြည့်မရပါ။ နှစ်ယောက်သား ငြင်းနေရင် အလှလေးနားရောက်ဖို့ အချိန်က ကြာမည်။အဲ့တာကြောင့်
" ဟိုမှာ ဘရို "
ပတ်ဆောင်ဟွန်း တစ်ဖက်ကို လှည့်သွားသည့်နှင့် တစ်ပြိုင်နက် ယူဂျင်း ဒိန်ချဉ်ဘူးကိုယူကာ လစ်ပြေးတော့သည်။ ကျန်နေသည့် ရိုဘင်က ကြောင်အမ်းအမ်းပင်။

You've reached the end of published parts.

⏰ Last updated: Apr 29 ⏰

Add this story to your Library to get notified about new parts!

𝐽𝑢𝑠𝑡 𝐿𝑜𝑣𝑒 [ayj_jwy]Where stories live. Discover now