One

2.7K 250 46
                                    

မမျှော်လင့်ထားတဲ့ အရာတစ်ခုဟာ
မမျှော်လင့်ထားတဲ့ အခြေအနေ၊
အဖြစ်အပျက်မျိုးနဲ့ တစ်ခါတစ်ရံ
ဘဝမှာ တွေ့ကြုံလာနိုင်တယ်ဆိုတဲ့ အဆိုကို
Sunoo လက်ခံနိုင်ပါသည်။

ဒါပေမဲ့ လက်ခံနိုင်တယ်လို့ဘဲပြောရတာ၊
တကယ် အဲ့ဒီလို အခြေအနေမျိုးကို
တွေ့ကြုံဖို့တော့ သူလဲကြံကြံဖန်ဖန်
မတွေးကြည့် မိဖူးပါ။ ပြောရမယ်ဆို သူ့ဘဝမှာ အလှည့်အပြောင်း ကြီးကြီးမားမားကိုလဲ
သူက အခုထိမကြုံဘူးခဲ့။

ဒါပေမဲ့...

ဘဝမှာ မမျှော်လင့် ထားတာတွေနဲ့
ဘယ်လိုဘဲ ကြုံလာနိုင်တယ်ပြောပြော
သူ့ဘဝမှာတော့အဲ့ဒီ မမျှော်လင့်ထားတာတွေထဲမှာ
Park Sunghoonရဲ့ ကောင်လေး
ဖြစ်ပေးရမယ်ဆိုတဲ့ အဖြစ်အပျက်မျိုးကိုတော့
သူယောင်လို့ အိမ်မက်တောင်မမက်ဖူးပါ။

တကယ်?????။

တခြားလူလဲ မဟုတ်ဘူး
Park Sunghoonလေ????
သူတို့နှစ်ယောက် စသိကြတဲ့နေ့ထဲက
ဘယ်လိုမှ အဆင်ပြေအောင်
ပေါင်းလို့မရတဲ့
Park Sunghoonနဲ့တဲ့လေ...။

အလိုမကျတာ တစ်ခုခုကြုံတိုင်း
မျက်လုံးလှန်ကြည့်တာဟာ Sunooရဲ့
ကိုယ်ပိုင်အမှတ်အသားတစ်ခု ဖြစ်မယ်ဆိုရင်
သူ့ကို အဲ့ဒီလို ခဏခဏ ပြုမူရအောင်
စိတ်အနှောင့်အယှက်ပေး၊ အချိုးမပြေတဲ့
အကြောင်းအရင်းတွေထဲက အများစုဟာ
Park Sunghoonကြောင့်ဘဲ ဖြစ်တယ်။

ပြောရမယ်ဆို သူတို့ဟာ စသိကြတဲ့က
အဆင်မပြေ။ အစကောက်ရမယ်ဆို
ဟိုး အထက်ကျောင်းသား ဘဝထဲက
Sunghoonကို သူ့အကိုဝမ်းကွဲ Jayရဲ့
အခင်ဆုံး သူငယ်ချင်းထဲက
တစ်ယောက်အဖြစ် သူစသိချိန်ထဲကဘဲ။
တကယ်ဆို Sunooဟာ လူတိုင်းနဲ့
အဆင်ပြေတဲ့သူ၊ လူချစ်လူခင်ပေါတဲ့လူမျိုး။
အဲ့ဒါကို Park Sunghoonဟာ
သူ့လိုလူမျိုးနဲ့ အဆင်ပြေအောင်
မနေနိုင်ဘူးတဲ့လေ။
အံဩစရာမကောင်းဘူးလား???

ဒါပေမဲ့လဲ တစ်ယောက်နဲ့တစ်ယောက်က
အကြောမတည့်တာမို့ ကင်းရှင်းအောင်နေလို့
ရလားဆိုတော့လဲ မရပြန်ဘူး။
သူက ဟိုးအရင်ထဲက ရွယ်တူသူငယ်ချင်း
မရှိဘဲ သူ့ထက် တစ်နှစ်ကြီးတဲ့Jayရဲ့
သူငယ်ချင်းအုပ်စုနဲ့ဘဲ ပေါင်းဖြစ်တာ။
အခု တက္ကသိုလ်တတ်တဲ့အထိလဲ
အဲ့ဒီအတိုင်းဘဲ။Park Sunghoonက
အဲ့ဒီအုပ်စုထဲမှာ ပါကိုပါနေတာအပြင်
သူတို့က တက္ကသိုလ်တစ်ခုထဲပါ
တူတူတတ်နေရမို့ သူကင်းရှင်းအောင်
နေချင်ရင်တောင်မှဘဲ
သူတို့ဟာ ကင်းအောင်နေလို့မရပါ။

Confession : From Beginning To End {COMPLETED}Where stories live. Discover now