"ကောင်စုတ်လေး...နင် Sunooကို
ဘယ်လို အကျပ်ကိုင်ပြီးလုပ်လိုက်လို့
သူက နင့်ကောင်လေး ဖြစ်လာရတာလဲ...
Sunoo....သားပြော..ဒီကောင်လေး
သားကို သူနဲ့တွဲဖို့ အကျပ်ကိုင်ခဲ့တယ်
မဟုတ်လား...""မာမီကလဲ Sunoo က ဘာလို့
သားကို မကြိုက်ဘဲ နေမှာလဲ...
အခုလဲ သူ့သဘောနဲ့သူ သားကိုတွဲတာပါ..."ထမင်းစားပွဲမှာ မေမေPark ဟာ
လက်ကလဲ သူတို့နှစ်ယောက်ကို
ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး
ထည့်ပေးနေသလို ပါးစပ်ကလဲ
ပြောပြောဆိုဆိုနဲ့။ ဟုတ်တယ်..
မာမီပြောသလိုဘဲ အကျပ်ကိုင်လို့
ဒီကို ပါလာရတာလို့ သူပြောလိုက်ချင်သည်။
ဒါပေမဲ့ အခြေနေမှမပေးတာ။
အမှန်အတိုင်း ပြောပစ်ချင်စိတ်ကို
မနည်းမြိုချပြီးSunooဟာ
ဘာမှပြန်မပြောဘဲ၊ ရယ်ဘဲ
ရယ်နေ လိုက်ရတော့တယ်။အရင်ထဲကလဲ သုံးခေါက်လောက်
လာလည်ဖူးပြီးသားမို့SuWonက
Park အိမ်ရော၊ Sunghoon မိဘတွေရောဟာ
သူနဲ့ရင်းနှီးပြီးသားပင်။ဖေဖေ Parkရော၊
မေမေ Parkရောဟာ စိတ်သဘောထား
ပြည့်ဝပြီး သဘောကောင်းတဲ့ လူတွေ။
သူတို့ သားလိုမဟုတ်။ ဒါပေမဲ့
အခုတခေါက် လာရတာတော့ နည်းနည်း
နေရခက်ပြီး အိုးတိုးအမ်းတမ်း ဖြစ်ရသည်။အရင်လို မဟုတ်ဘဲ Sunghoonရဲ့
ကောင်လေးအဖြစ် လာရတာလေ...။
ဟုတ်လဲမဟုတ်ဘဲနဲ့။
ပိုဆိုးတာက Park Sunghoon
ကောင်းမှုကြောင့် လူကြီးတွေကို
သူပါ ကူလိမ်ပေးနေရတာ။"နင့်လို အေးတိအေးစက်နဲ့
မထုံတတ်တေး ကောင်လေးကို
ဘယ်သူက ကြိုက်ချင်မှာလဲ
Sunooက နင့်ကိုလိုလိုလားလားတွဲတာကို
မယုံချင်ပါဘူး...."မေမေParkဟာ Sunghoonနဲ့ရော၊
သူတို့နဲ့ပါ သူငယ်ချင်းတွေလို
ပွင့်ပွင့်လင်းလင်း ရင်းနှီးလို့ရတဲ့သူမျိုး။
ဖေဖေ Park ကတော့ စကားနည်းသူပီပီ
ဘာမှဝင်မပြော။ဒါပေမဲ့ သူ့မိန်းမနဲ့
သားကိုကြည့်ပြီး တပြုံးပြုံးနဲ့။"မာမီ မယုံလဲ..Sunoo က ကျနော့်ကို
အရင်စကြိုက်တာပါနော်... ကျနော်က
ကျောင်းမှာစာတော်၊ ရုပ်ချောတဲ့
စီနီယာပါ..သူကတအားသဘောကျနေလို့
သူ့ကို သနားလို့ ပြန်တွဲပေးတာ..."
YOU ARE READING
Confession : From Beginning To End {COMPLETED}
FanfictionPark Sunghoon- Kim Sunoo Short story