"ပြတ်သွားပြီလို့ ကျနော်ပြောလိုက်မယ်..
မလိုက်ခဲ့နဲ့....."Park Sunghoon မွှေးတဲ့ မီးဟာ
အကုန်လုံးကို ပတ်စင်တယ်။ Suwon ကနေ
သူပြန်ရောက်ပြီး ချိန်မှာ သူ့မိဘတွေဟာ
သူတို့တွဲနေမှန်း သိသွားသည်။ ပြဿနာဟာ
အဲ့ဒါနဲ့တင် မပြီးသွား။သူ့မိဘနှစ်ပါးဟာ
သူပြောစရာကိစ္စရှိလို့ ညစာအတူစားဖို့
ချိန်းတာကို Sunghoonကိုပါ
အတူ ခေါ်လာခိုင်းလေတယ်။"ဘာကိုလဲ...မရပါဘူး..ကြိုက်တာဖြစ်
ဘာမှမကြာသေးတာကို
ဘာကို ပြတ်ရမှာလဲ...ဘယ်သူကယုံမှာလဲ
မရဘူး.. လိုက်ခဲ့မယ်..."တကယ်ဆို သူ့မိဘတွေဟာ
သူ့တို့အလုပ်သာ သူတို့အာရုံရှိပြီး
တစ်ဦးတည်းသော သားဖြစ်သူ
သူ့မျက်နှာကိုတောင် မှတ်မိလောက်မှာ
မဟုတ်တဲ့လူစားတွေ။ အရင်ထဲက မိသားစုနဲ့
ညစာတစ်ခါ အတူစားဖို့အရေးကို သူ့မှာ
တစ်စိမ်းတွေလို appointment ယူနေရတာ။
သူ့အဖြစ်ကို သူအမြဲစိတ်တိုရပေမယ့်
အသားကျနေပြီမို့ ဝမ်းတော့မနည်း။
အဲ့လို ကြုံတောင့်ကြုံခဲတွေ့နေရတာကို
Park Sunghoonကိုပါ ခေါ်လာခိုင်းတာမို့
သူပိုစိတ်တိုရတယ်။"အဲ့ဒါဆို ဘယ်အချိန်ကျမှ ပြတ်ကြမှာလဲ
အဲ့ဒါဆိုလဲ...မအားလို့ မလိုက်ခဲ့တာလို့
ပြောလိုက်မယ်..."" အားတယ်လေ...အားနေလို့
အခု ဂိမ်းဆော့နေတာကို
လူကြီးတွေကို ဘာလို့လိမ်ရမလဲ..
ကိုယ့်ကိုပါ တွေ့ချင်လို့ခေါ်နေတာကြီးကို
မရဘူး....လိုက်ခဲ့မယ်..."ကံတစ်ခါဆိုးပြီးရင် တော်ရုံပြန်မကောင်းဆိုတာ
ဒါမျိုးဘဲနေမှာ။ဘေးကပ်ရပ်မှာ
ပျင်းရိပျင်းတွဲထိုင်ရင်း ဂိမ်းထိုင်ဆော့နေသူဟာ
တကယ်ပြောမရ ဆိုမရပင်။
သူများအခန်းကိုလဲ သူ့အိမ်သူ့ယာလို
ကူးလာပြီး ဂိမ်းလာထိုင်ဆော့နေပြီးတော့။တကယ်ဆို သူ့မိဘတွေဟာ
သူနဲ့တောင် အမြဲနေရခတ်ပြီး
သိပ်အဆင်မပြေကြတာကို..။
သူ့အပေါင်းအသင်းတွေ အကုန်လုံးကလဲ
အဲ့ဒီ အခြေနေကိုသိတယ်။
အဲ့ဒါကိုတောင် သူမခေါ်ချင်တာကိုသိလို့
Sunghoon ဟာ သက်သက်ကို
လိုက်ချင်နေသလားတောင် မသိပါဘူး။"အား....စိတ်ရှုပ်တယ်...
အကုန်လုံးက ခင်ဗျားမကောင်းလို့
ပြဿနာရှာလို့ ဖြစ်ရတာ. လိုက်ချင်လိုက်..
မလိုက်ချင်နေ..လောလောဆယ်တော့
ကိုယ့်အခန်းကိုယ် ပြန်တော့ သွား.."
YOU ARE READING
Confession : From Beginning To End {COMPLETED}
FanfictionPark Sunghoon- Kim Sunoo Short story