(1)
တရားရုံးမှာလူတွေရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေသည်။
ရဲတွေလည်းနေရာယူကာ သေချာဖြန်းဖြေပေးနေရသည်။ ကိစ္စတွေဟာထင်သလောက် မလွယ်ကူပေ။
ရွေးကောက်ပွဲဝင် နာမည်ရအမတ်လောင်း တစ်ဦးရဲ့သား ဆေးစွဲကာ လာဘ်ပေးလာဘ်ယူမှု တွေ
ယာဥ်စီးကမ်းချိုးဖောက်မှုတွေကို ဖော်ပြပြီးတော့
ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်သည်။
ထိုလူအုပ်ကြားထဲက ကင်မရာလည်ပင်းဆွဲကာဟိုကြည့်ဒီကြည့်နဲ့ထွက်လာတဲ့ သစ်မင်းအိမ် တစ်စုံတစ်ခုကိုလိုက်လံရှာဖွေနေမိသည်။"ဟေ့ ဟေ့ကောင် ၊ဒီမှာဒီမှာ:"
တရားရုံးပေါက်မှာ ကားတစ်စီးထိုးရပ်လာကာ သစ်မင်းအိမ်ကိုလက်လှမ်းပြလိုက်သည်။
ကားပေါ်အမြန်ခေါ်ကာအလောတကြီးမောင်းထွက်သွားကာ"မအေဘေး မင်းတော်တော်ပြဿနာရှာ တဲ့ကောင်။"
"ဟ ဆရာရဲ့ ကျွန်တော်က အရှိကိုအရှိတိုင်း..."
"မင်းသောက်ပေါက်ပိတ်ထား... ၊အရှိကိုအရှိတိုင်းချပြလို့ရတဲ့နိုင်ငံထင်နေလား၊ ဒါမြန်မာနိုင်ငံကွ ""ငါပြောတာကြားလား။!"
ဘေးမှာထိုင်ကာ ငြိမ်နေတဲ့ သစ်မင်းအိမ်ကို ကိုနောင်သိန်း ငေါက်လိုက်သည်။
"ကိုနောင်ဘဲ ပိတ်ထားဆို။"
"ဒီကောင်...ငါပြောရင်တောင် ဆိုးတော့မယ်။ ရုံးရောက်မှသူဋ္ဌေးနဲ့ မျက်နှာချင်းဆိုင်တော့ ဟေ့။မင်းကို ငါမနိုင်ဘူး မအေဘေးလေး!"ပြောလည်းပြောချင်စရာ သစ်မင်းအိမ်မွှေးလိုက်တဲ့မီးက နည်းသလား။
ရွေးကောက်ပွဲ ဝင်ပြိုင်မဲ့နာမည်ကြီးအမတ်လောင်းရဲ့သား ဆေးသုံးတာနဲ့ ယာဥ်စီးကမ်း ေဖာက်ဖျက်မှုတွေကိုဖော်ထုတ်လိုက်သည်တဲ့။
ထိုသတင်းက 2020ရွေးကောက်ပွဲ ရလဒ်ကိုထိစေမှာတော့အသေအချာဖြစ်လေသည်။ရုံးရောက်တော့လည်း သူဋ္ဌေးကဖုန်းပြောနေရင်း သူ့အား စားတော့မတတ်မျက်လုံးဖြင့် ကြည့်နေတာကြောင့် ငြိမ်နေရသည်။
တစ်ဖက်ကလူကတော့ဘာပြောနေသလဲမသိပေမဲ့ သူတို့သူဋ္ဌေး ကတော့ ဟုတ်ကဲ့နှင့်တောင်းပန်ပါတယ်ဟုသာပြောနေတာကို ကြားနေရသည်။
15မိနစ်လောက်ကြာတော့ ဖုန်းကို ချကာ စားပွဲပေါ် ဒေါသတကြီးဖြင့် ပစ်ချလိုက်တဲ့သူဋ္ဌေးကြောင့် ငိုက်မလိုဖြစ်နေတဲ့ သစ်မင်းအိမ် လန့်သွားရသည်။
အဆက်မပြတ်စကားလုံးတွေ လာတော့မှာကိုသိတာကြောင့် ခုံမှာကွေးညွှတ်ထိုင်နေတဲ့ ခါးကိုမက်လိုက်သည်၊
YOU ARE READING
ရွှေပြည်တော်မျှော်လင့်ရင်း ဝေးရသည်ဆွေးရသည်(1)
Historical Fictionရွှေပြည်တော်မျှော်လင့်ရင်း ဝေးရသည် ၊ ဆွေးရသည်... အမက်လောင်းတစ်ဦးရဲ့သား ကိုပြဿနာ ရှာမိလို့ ဦးလေးဖြစ်သူအယ်ဒီတာချုပ် က နယူးယောက် ကိုလွှတ် တာ ခံလိုက်ရတဲ့သစ်မင်းအိမ်။ နယူးယောက် တိုင်းမ်း သတင်းစာတိုက်ရဲ့ Ceo တဖြစ်လည်း နာမည်ကြီးစာရေးဆရာမ ဒဲရစ်မေလန် ရဲ့...