(13)
ဟန် နိုးလာတော့ မေလန် ကိုမတွေ့တာ ကြောင့် လိုက်ရှာမိသည်။
မနက် ၇နာရီခွဲ နေ က ခြံထဲကို ဖြာကျ နေရင်း
မေလန်တစ်ယောက် မြက်ခင်း ပြင်ပေါ်မှာ အခင်းပါးပါး လေးတစ်ခု ခင်းရင်း မျက်နှာပေါ် စာအုပ်တင်ကာ မှေးနေလေသည်။အနှောင့်အယှတ် ဖြစ်မှာ စိုးတာကြောင့် ခြေသံလုံလုံလျှောက် လာရင်း အနားကပ်ကာ
ဘေး တစောင်း လေး လှဲကာ စောင့် နေသည်။
ပက်လက်လေး လှန်ကာ လက်ကလေးတွေကို စုပိုက်ရင်း မှေးအိပ်နေတဲ့ မေလန် ကို ကြည့်ရတာ သာမ နှလုံး ခုန်သံကို ပိုမြန်စေသည်။ကျွန်မတော့ ရှင် ကို မြတ်နိုးမိပြီထင်တယ် မစ္စရယ်...
တခဏ ကြာတော့ မေလန် လှုပ်ရှား လာခဲ့တာကြောင့် မျက်နှာ ပေါ်က စာအုပ် လေးကို ဟန်အသာအယာ အနည်းငယ် ဖယ် လိုက်သည်။
" ဟင် ..ဟန် "
သူမနိုး လာတာကို ပြုံးကာကြည့်နေတဲ့ ဟန်က မနေ့က မဟုတ်သလို ပင်..." မပြောဘူး ဟန်ရယ်။"
"မှေး နေတာ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ပါ၊ ဒီတိုင်းလေး ကြည့်နေချင်လို့..."
ဟန် စကားမှား သွားပြီဆိုတာ သိလိုက်သည်။
" ..."
"ဟို ... ဟို မနက်စာ စားရအောင်လေ၊ ဒဏ်ရာ ကိုလည်း ဟန် ကြည့်ပေး အုံးမယ်။"
"အော် ...အင်း။"
မျက်နှာ လေးတွေ ပန်းနုရောင် သန်း နေတဲ့ ဟန့် ကို ကြည့်ရတိုင်း သဘောကျ ရတဲ့ စိတ် တွေ ပို၍ တိုး လာရသည်။
ကျွန်မ ရှင့် ကို မြတ်နိုးမိတဲ့အတွက် ဘယ်လို အဆိုးတွေဘဲ လာလာ ရင်ဆိုင် နိုင်မယ်ထင်တယ် မေလန်။
ရှင်သာ ကျွန်မ နဲ့ထပ်တူ မေတ္တာ ရှိမယ်ဆိုရင် ...ရှင်သာ ကျွန်မ နားမှာ ရှိနေမယ်ဆိုရင် တလောက လုံးကို မျက်နှာလွှဲနိုင်ပြီ၊ ရှင်သဘောထား က ကျွန်မ နဲ့ထပ်တူ ကျနိုင်ပါ့မလား အချစ်ရယ်...။# # #
" ဒဏ်ရာ ကသက်သာ တော့မှာပါ၊ ကျွန်တော် ပေးတဲ့ဆေး ကိုဘဲ သေချာသောက်ပေးပါ ။"
YOU ARE READING
ရွှေပြည်တော်မျှော်လင့်ရင်း ဝေးရသည်ဆွေးရသည်(1)
Historical Fictionရွှေပြည်တော်မျှော်လင့်ရင်း ဝေးရသည် ၊ ဆွေးရသည်... အမက်လောင်းတစ်ဦးရဲ့သား ကိုပြဿနာ ရှာမိလို့ ဦးလေးဖြစ်သူအယ်ဒီတာချုပ် က နယူးယောက် ကိုလွှတ် တာ ခံလိုက်ရတဲ့သစ်မင်းအိမ်။ နယူးယောက် တိုင်းမ်း သတင်းစာတိုက်ရဲ့ Ceo တဖြစ်လည်း နာမည်ကြီးစာရေးဆရာမ ဒဲရစ်မေလန် ရဲ့...