(4)
ရောင်စုံ ပန်းခင်းတွေ...
အစိမ်းရောင်မြက်ခင်း တွေ....
အပြာရောင်တွေကို ထိကာမလိုဖြစ်နေတဲ့ တောင်တန်းတွေ...
အလှပဆုံးဖြစ်နေတဲ့အချိန် နူးညံ့စွာရေရွတ်လိုက်မိတဲ့ နာမ်စားလေးတစ်ခု..."ဟန်..."
အချိန်တွေ ၊နေရာတွေသာ ပြောင်းသွားလိမ့်မည်၊ ထိုနာမ်စားနဲ့သတ်ဆိုင်သူ လူတစ်ယောက် ဟာပြောင်းလဲမည်မဟုတ်..."ဟေး... ဘာတွေ တွေးနေလဲ။"
သူမနောက်က ခေါ်တဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ဟန်...ပြုံးကာ သူမကိုကြည့်နေတဲ့ ဟန်ရဲ့ ပါးပြင်လေးတွေကို ထိတွေ့လိုက်သည်၊
ညှင်သာစွာ တိုက်နေတဲ့ လေကြောင့် ဟန်ရဲ့ဆံပင်တွေက လေယူရာကို လွှင့်ပျံနေသည်။ထိုအပြုံးတွေ...အနှစ်20ကျော်တာတောင် နှလုံးသားထဲဆွဲထင်နေတဲ့သူမရဲ့အပြုံး...
"လာပါ အချစ်ရယ်၊ ဟိုဘက်မှာ အဝါရောင်ပန်းတွေ များ သိပ်လှတာဘဲ၊ အချစ် ခူးပြီး ဟန့်ကို ပန်ပေး မယ် မဟုတ်လား...။"
"ကိုယ့်အချစ် စိတ်တိုင်းကျပါ..."
ဒါဟာ အစစ်အမှန်လား...စိတ်ကူးမှုလား
မည်သို့ပင် ဖြစ်နေပါစေ၊ ဒီနူးညံ့မှုထဲမှာ ဘဲ ပိတ်လှောင်နေချင်မိသည်...။သူမလက်ကိုဆွဲကာ အဝါရောင်ပန်းတွေဆီပြေးထွက်သွားတဲ့ ဟန့်ကိုကြည့်ကာ ရိုးမသွားတဲ့နှလုံးသားက တသိမ့်သိမ့်ခုန်ရပြန်...
ရှေ့တည့်တည့်မှာ နားကြားထဲပန်းပန်ပေးဖို့မျက်လုံးလေးကို မှိတ်ကာ ရပ်စောင့်နေတဲ့ဟန် ကိုကြည့်ကာ ပန်းတစ်ပွင့်ကို ခူးလိုက်သည်။
ပန်းတစ်ပွင့် ပန်ပေးတိုင်း မျက်လုံးတွေကိုမှိတ်ထားတတ်တဲ့ ဟန်ရဲ့အပြုအမူလေးကအခုထိမပြောင်းလဲသေးကိုး...
နားရွက်ဖျားလေးနားမှာ အသာအယာ ပန်ပေးလိုက်တော့ သူမမျက်လုံးလေးတွေပွင့်လာကာ မေလန် ကို ခြေဖျားထောက် ဖွဖွလေးနှုတ်ခမ်းကိုနမ်း၏။" ပန်းတစ်ပွင့်ပန်ပေးတိုင်း တစ်ခါနမ်းမယ်၊
မေလန်က သိပ်ကို ချစ်စရာကောင်းတယ်။""ကိုယ့်ကို ချစ်လား ဟန်။"
" ချစ်တာအသာထား...ရှင်မရှိရင် ဟန် ဆိုတဲ့မိန်းမက အဝါရောင်ပန်းတွေကိုဖျက်ဆီးမိမှာသေချာတယ်။"
YOU ARE READING
ရွှေပြည်တော်မျှော်လင့်ရင်း ဝေးရသည်ဆွေးရသည်(1)
Historical Fictionရွှေပြည်တော်မျှော်လင့်ရင်း ဝေးရသည် ၊ ဆွေးရသည်... အမက်လောင်းတစ်ဦးရဲ့သား ကိုပြဿနာ ရှာမိလို့ ဦးလေးဖြစ်သူအယ်ဒီတာချုပ် က နယူးယောက် ကိုလွှတ် တာ ခံလိုက်ရတဲ့သစ်မင်းအိမ်။ နယူးယောက် တိုင်းမ်း သတင်းစာတိုက်ရဲ့ Ceo တဖြစ်လည်း နာမည်ကြီးစာရေးဆရာမ ဒဲရစ်မေလန် ရဲ့...