ရွှေပြည်တော် မျှော်လင့်ရင်း ဝေးရသည် ဆွေးရသည်။ (4)

15 2 0
                                    

                             ( 11)

" မေလန်...!"

"ဟင် ..."

"ဘာတွေ တွေးနေရတာလဲ။"

"အော် ၊ မနေ့က ကိုရဲဟိန်းပြောတဲ့  အကြောင်းတွေ တွေးကြည့်နေတာ။"

"သြော်..."

"ဟန် သိလား၊ ၁၉၈၈ ကအကြောင်းတွေ ကို 
ကိုရဲဟိန်းပြောနေတဲ့အချိန်မှာ သူ မျက်ရည်တွေ လဲ့နေခဲ့တာ  ကိုယ်တွေ့တယ် ဟန် ၊  အိပ်မက်ဆိုးကြီးတစ်ခုကို ပြန်အစ ဖော် သလို အသံတွေကလည်း တိုးတိတ်နေသလိုဘဲ။"

"အိပ်မက်ဆိုးထက်ပိုကြောက်စရာကောင်းတယ် မေလန်၊ အိပ်မက် ဆိုး ဆိုတာက တခဏ လေးဘဲ၊
တခါတလေ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်လိုက်ပါတော့ လို့ ဆုတောင်းနေမိတယ်။"

"  ဟန် ...ဟန်လည်း ကိုရဲဟိန်း လိုဘဲ ၊ မျက်ရည်တွေ ၀ဲနေတယ်။"

ထိုစကားကြောင့် ဟန်က တစ်ချက်ပြုံးလိုက်ရင်း

" အဲ့အကြောင်းကြားရင် လူတိုင်းမျက်ရည်၀ဲ ကြမှာဘဲ မေလန်၊ ဒီည အကိုလေးဆီက သေချာထပ်နားထောင်လိုက်ပါ။"

ဟန့် ရဲ့စကားတွေက မေလန် အာရုံမစိုက်နိုင်၊ ဟန် ဟာ ဒီနေ့ တော်တော်လေးကို လှနေလေသည်။  ပုံမှန်နေ့တွေလို ဆံပင်တွေကိုစည်းထားခြင်းမရှိတဲ့ဟန် က ဒီနေ့ကျတော့ ဆံပင်တွေကို စည်းနှောင်ထားလေသည်မှာ ရင့်ကျက်တာကို အသားကျနေသည့်အမျိုးသမီးတစ်ယောက်လို...

"ဟန် ...!"
လှည့်ထွက် ကာ ပြန်တော့မည့် ဟန့် ရဲ့လက်ကို အလျင်အမြန် လှမ်းဆွဲလိုက်မိသည်။

"ဘာလို့လဲ မေလန်။"

" ဟို ...ဟန့်မှာ မေတ္တာမျှနေတဲ့ သူရှိလားဟင်။"

ဟန် တစ်ယောက် အတွေးတွေများကုန်သည်။
အမျိုးသမီးတစ်ယောက်က သူမ အား သာမန် မဟုတ်သလို ခံစားချက်ဖြင့်ပြောနေသည်ကို ခံစားနေရသလို ရှိသည်။

"ဟန်က တစ်ယောက်ထဲပါ။"

"..."

မေလန် ဘာတွေ တွေးနေသလဲ ၊ မေလန် ရဲ့မျက်လုံးတွေကိုဟန်နားမလည်။

" ဘာလို့လဲ မေလန်။"

"သြော် ... ဘာရယ် မဟုတ်ပါဘူး...ဒီတိုင်း"

ရွှေ​ပြည်တော်မျှော်လင့်ရင်း ဝေးရသည်ဆွေးရသည်(1)Where stories live. Discover now