Part 6

1.3K 50 12
                                    

ငယ်မနက် ရောက်တော့ကျောင်းတတ်ရမှာကြောင့်အစောကြီးနိုးလာခဲ့သည်။ ရေမိုးချိုးပြီးအဝတ်စားဝတ်နေတုန်း Daddy ဝင်လာခဲ့သည်။

"ဟာ baby အစောကြီးနိုးနေတာလား daddy က လာနိူးတာ baby မနိုးသေးဘူးထင်လို့ "

"ဟီးး ကျောင်းအသစ်တတ်ရမှာမို့စိတ်လှုပ်ရှားလို့ပါ "

"ဟုတ်ပါပြီဗျာ လာမနက်စာစားမယ် "

Daddy နဲ့အတူတူမုန့်စားနေတုန်း

"ကလေး ထမင်းဘူးထည့်ပေးလိုက်မယ် သေချာကုန်အောင်စားနော် ပြီးတော့အသီးနဲ့ကလေးကြိုက်တဲ့ အိုဗာတင့းနဲ့နို့အေးနှစ်ဘူးထည့်ပေးထားတယ် မုန့်ဖိုးပေးလိုက်မယ်မတည့်တာမစားနဲ့နော် "

"ဟုတ်ကဲ့ပါ daddy ရဲ့ "

"အင်း ဟုတ်ကဲ့ပါဆိုပြီးမဟုတ်တာလုပ်လို့ကတော့ သိတယ်နော် "

"ဟုတ်i

"ကဲစား လိမ်မာတယ် "

ငယ်လဲ မုန့်ဆက်စားနေလိုက်သည်။ Daddyက ပိုက်ဆံအိတ်လှလှလေးထဲကို တစ်သောင်းတန် 10ရွက် ထည့်ပေးပြီး ငယ်ကိုပေးသည်။ ပြီးတော့ ကားပေါ်တတ်ကာ ကျောင်းလိုက်ပို့သည်။

"Baby စာသေချာလုပ်နော် လိမ်လိမ်မာမာနေ ထမင်းသေချာစား"

"ဟုတ်ကဲ့ပါ Daddy ရဲ့ညနေလာကြိုနော်
..မွ.."

ဆိုကာငယ်ကားပေါ်ကဆင်းပြီးကျောင်းထဲသို့ဝင်လာသည်။ ဂိတ်ကိုရောက်တော့ဆရာမတစ်ယောက်က

"သမီးက သွန်းမြတ်ထင်မလား "

"ဟုတ်ကဲ့ တီချယ် "

"ဆရာမနဲ့လိုက်ခဲ့နော် "

ဆိုတော့ ငယ်လဲ ဆရာမနောက်ကိုလိုက်သွားသည်။ ဆရာမက ငယ့်ကိုဖောင်တစ်ခုပေးသည်။

"အဲ့ဖောင်ကိုဖြည့် သမီး ဦးမဟာက သမီးကိုဖြည့်ခိုင်းဆိုလို့ "

ဆိုတော့ငယ်လဲဖောင်ဖြည့်လိုက်သည်။ ဖောင်က ကိုယ်သဘောကျတဲ့ သင်တန်းတွေကိုဖြည့်ခိုင်းတာပင် ဘာသာစကားနဲ့ အားကစားအနည်းငယ်ကိုထည့်လိုက်သည်။
ပြီးတော့အနုပညာကိုပါထည့်လိုက်သည်။ ငယ့်စိတ်ကြိုက်ထည့်ပြီးဆရာမကိုပေးလိုက်သည်။ မကြာခင်ကျောင်းတတ်တော့မှာမို့ ဆရာမခေါ်ရာနောက်သို့လိုက်လာခဲ့သည်။

My lovely daddyTempat cerita menjadi hidup. Temukan sekarang