Part 12

1.9K 59 8
                                    

မနက်ကျတော့ ငယ်မထချင်ပါ ခါးပတ်နဲ့အရိုက်ခံစားရတာတွေရော အကုန်ပေါင်းပြီး တစ်ကိုယ်လုံးနာနေသည်။

"Daddy ဒီနေ့ ကျောင်းမသွားလို့ရလား "

"စာမေးပွဲနီးပြီမလား သွားရမှာပေါ့ "

"Baby တစ်ကိုယ်လုံး နာနေလို့ daddy "

ငယ်မျက်နှာမဲ့ကာ ပြောလိုက်တော့ daddy လက်က ငယ့်နှဖူးနဲ့လည်ပင်းကိုစမ်းကာ

"အဖျားတော့ မရှိဘူး ငယ်မသွားချင်မသွားနဲ့ နားလိုက် daddy ခွင့်တိုင်ပေးမယ် အခုထ မနက်စာ စားပြီးဆေးသောက် "

"Hoke Daddy "

"အမြန်လုပ်နော် ဖျားမယ် "

ငယ်ရေချိုးခန်းထဲမှာ လုပ်စရာရှိတာတွေလုပ်ပြီး ပြန်ထွက်လာတော့

"Baby ရုံးလိုက်မလား "

"Hoke "

"အင်း daddy ကိုအောက်မှာစောင့်နေ လာခဲ့မယ် "

ငယ်အောက်ထပ်ဆင်းပြီးမနက်စာဘာလဲ ကြည့်လိုက်တော့ Daddy ကိုယ်တိုင်ကြော်ထားတဲ့သီးစုံထမင်းကြော်ပင် ငယ်စာပွဲမှာဝင်ထိုင်လိုက်ပြီး မကြာခင်မှာ ပဲ daddy က သူ့အလုပ်အိတ်အပြင် ငယ့်လွယ်အိတ် တစ်လုံးပါ ယူလာခဲ့သည်။

"ကဲ ငယ် ကုန်အောင်စားနော် နွားနို့လဲ ကုန်အောင်သောက် "

Daddy ကြော်ပေးတဲ့ ထမင်းကြော်နဲ့ နွားနို့ကို သေချာသောက်လိုက်သည်။ daddy ကတော့ ကော်ဖီသောက်သည်။ စားသောက်ပြီးတော့ daddy company ကိုသွား တော့သည်။

"Baby blueberry cakeစားအုန်းမှာလား "

"စားမှာ daddy "

"အဲ့ဆို sweet cakes ဝင်မယ် "

Sweet cakes က daddy company ရဲ့ဘေးမျက်နှာချင်းဆိုင်က ဆိုင်ဖြစ်သည်။ ရောက်တော့

" မင်းမင်း ငါ့အိတ်နဲ့ငယ့်အိတ်ကို ယူသွားပေး "

"ဟုတ်ကဲ့ Boss "

မင်းမင်းက မဟာရဲ့အတွင်းရေးမှုးဖြစ်သည်။ ငယ်နဲ့ Daddy ဆိုင်ထဲရောက်တော့ ငယ်က Cakes တွေ ထားတဲ့ နေရာက်ိုရောက်လာကာ ကြည့်လိုက်သည်။

"ဘာ သုံးဆောင်မလဲရှင်​့ "

"Baby ဘာယူမလဲ "

"Blueberry နဲ့ chocolate cake
ပူတင်း ယူမယ် "

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 20, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

My lovely daddyTempat cerita menjadi hidup. Temukan sekarang