Cha- 1 ( uni x zawgyi )

470 15 0
                                    


uni-version
translator@ Abi - Gil

" အရှင်မင်းကြီး ၊ ကျွန်တော်တို့ စစ်ဖြစ်လို့
မရပါဘူး "

" စစ်ပွဲပြီးသွားတာ ၂ လပဲရှိသေးတယ် ၊အရှင်က
နောက်ထပ် စစ်ပွဲဆင်နွှဲဖို့တွေးနေတာလား "

" ဒါဆို ပြည်သူတွေရဲ့ မ​ကျေနပ်ချက်​တွေကို အရှင်
ဘယ်လိုများ ​ဖြေရှင်း​ပေးမှာပါလဲ ? "

" စစ်ပွဲမှာ လိုအပ်တဲ့ ​ငွေ​ကြေး​တွေကို အရှင်ဘယ်လို
စီမံ​ပေးမှာပါလဲ ? "

သူတို့​တွေရဲ့ ထင်မြင်ချက်​တွေကို စိတ်အားထက်သန်စွာ​​ပြောဆို​နေကြတဲ့ သူ​တွေကို ​ငါငေးကြည့်​နေမိတယ် ။

' ဒါက ဘယ်​နေရာလဲ ? ဒီလူ​တွေက​ရော
ဘယ်သူ​​​တွေလဲ ? '

ဒီ​နေ့က , ငါ့ ရဲ့ အထက်တန်း​ကျောင်းဆင်းပွဲဖြစ်ပြီး
​တော့ ငါ့ မိဘ​တွေနဲ့ ခရီးတစ်ခုထွက်လာခဲ့တာ ။

' အ​မေ နဲ့ အ​ဖေ က ဘယ်​နေရာမှာလဲ ? '

ငါ့ မိဘ​တွေကို လိုက်ရှာဖို့အတွက် ​ခေါင်းကိုလှည့်ကြည့်လိုက်ချိန်မှာပဲ ​ရွှေ​ရောင်ကုလားထိုင်တစ်ခုမှာ ထိုင်​နေတဲ့
အမျိုးသားတစ်​ယောက်ကို ​​တွေ့လိုက်ရတယ် ။ သူ့ ရဲ့
စူးရှတဲ့မျက်လုံး​ ၊ သွယ်လျတဲ့​မေးရိုး​တွေနဲ့အရှိန်အဝါ​​တွေက လူတိုင်းကိုထိတ်လန့်​စေနိုင်​လေတယ် ၊ အဲ့ဒါ​​
အပြင် ​ငွေ​ရောင်ဆံပင်​တွေ​အောက်က အစိမ်း​ရောင်
မျက်ဝန်း​တွေကလျစ်လျူရှုထားပြီးငြိမ်သက်​နေတာ
​ကြောင့် သူနဲ့မျက်နှာချင်းဆိုင်ဖို့အတွက်ကတကယ့်ကို
ခက်ခဲလေသည် ။

" အရှင်မင်းကြီး "

မြင့်မားတဲ့ ကြမ်း​ပြင်​အောက်မှာ ထိုင်​နေတဲ့ ဆံပင်
​ရွှေ​ရောင်နှင့် အမျိုးသားတစ်​​ယောက်က သူ့ကို
တိတ်တဆိတ်ပဲ ​ခေါ်လာခဲ့တယ် ။

" အရှင်မင်းကြီး ? "

ရှင် ဒီ ဆံပင်​ငွေ​ရောင်နဲ့ လူက ' ဧကရာဇ်တစ်ပါး 'လို့
​ပြော​နေတာလား ၊ သူ ဘာ​တွေ​ပြော​နေတာတုန်း ? ။

အဲ့ဒီ့အချိန်မှာပဲ ငါ့​ခေါင်းထဲမှာ လျှပ်စီးလက်သလို
မြင်ကွင်းတစ်ခုက ဖြတ်သွားခဲ့တယ် ၊ ရုတ်တရက်ကြီး
လမ်း​ကြောင်း​ပြောင်းလာပြီးရပ်တန့်သွားတဲ့ truck
ကားကြီးရယ် ,အ​ဖေဖြစ်သူရဲ့ အံအားသင့်​နေတဲ့ အသံနဲ့ ​အ​မေဖြစ်သူရဲ့ ​အော်သံ​တွေ ။

ငါ​လေးက အာဏာရှင်ကြီးရဲ့  အရုပ်​လေးဖြစ်လာခဲ့တယ် ||မြန်မာဘာသာပြန်||Tahanan ng mga kuwento. Tumuklas ngayon