Cha - 3 ( uni x zawgyi )

195 14 0
                                    

---------- uni-version -------------
-------translator @ Abi - Gil   --

' ဟုတ်တယ် Chloe က အမဲလိုက်ပြိုင်ပွဲ
မှာ ​သေဆုံးသွားခဲ့တာ '

တစ်နည်းပြောရမည်ဆိုလျှင် , Chole
က သူမ ရဲ့ kinght ဖြစ်ချင်တဲ့ အိမ်မက်
ကို မဖြည့်ဆည်းနိုင်ခဲ့​ပေမဲ့ သူမ အစ်ကို​တော်
ကို ကာကွယ်​ပေးချင်တဲ့ အိမ်မက်ကို​တော့
ဖြည့်ဆည်းနိုင်ခဲ့တယ် ။

Declan ကို လုပ်ကြံတဲ့ မြှားချက်က​နေ
ကယ်တင်ခဲ့တာ​ကြောင့် သူမ အဲ့ဒီ့မြှားချက်
​ကြောင့်ပဲ ​​သေဆုံးခဲ့တယ် ။

" အဲ့ဒါက မင်း အမှား မဟုတ်ပါဘူး ၊
သူ က မင်းကို သတ်ဖို့ကြိုးစားခဲ့တဲ့ Maxion
​ကြောင့် ​သေဆုံးသွားခဲ့ရတာပါ "

Maxion က ပြသနာအားလုံးရဲ့ အရင်းခံ
ဖြစ်သည့် မင်းသား နာမည်ပဲဖြစ်သည် ။
ဧကရာဇ်​ဟောင်း အုပ်ချုပ်စဥ် ကာလအတွင်း
မှာ သူက သူ့ ညီအစ်ကို​တွေ အားလုံးကို
သတ်ပြီး အိမ်​ရှေ့စံဖြစ်လာရန် ကြိုးစားခဲ့တယ် ၊
ဒါ​ပေမဲ့ ​နောက်ဆုံးမှာ​တော့ သူ့ ပန်းတိုင် ကို
မ​အောင်မြင်ခဲ့ဘဲ Declan လက်ထဲက
လူ​သေ​အ​လောင်း တစ်ခုသာဖြစ်လာခဲ့သည် ။

" အဲ့ဒါ​တွေ အားလုံးက ငါ့​ကြောင့်ပဲ ၊ အဲ့ဒီ့
အချိန်တုန်းက ငါ သာ Chole နဲ့ အတူရှိ​နေ
ခဲ့ရင် ဒါမှမဟုတ် ငါ သာ ပိုပြီး အင်အား
သန်မာခဲ့မယ်ဆိုရင် ငါ သူ့ ကို ကာကွယ်
နိုင်ခဲ့မှာ "

မည်း​​မှောင်​နေတဲ့ မျက်နှာဖြင့် သူက ကူကယ်
ရာမဲ့စွာ ​ရေရွတ်လိုက်တယ် ။

" Declan , အဲ့ဒီ့တုန်းက မင်း ​( ၁၄ )
နှစ်သားပဲရှိ​သေးတာ ၊ မင်း ဘယ်​လောက်ပဲ
သန်မာ​နေဦး ​​လေ့ကျင့်ထားကြတဲ့ ​လေးသမား
​တွေ လက်က​နေ မင်း လွတ်​​မြောက်နိုင်မှာ မဟုတ်
ဘူး "

" ...... "

Declan က သူ့ ရဲ့ မှုန်ကုပ်ကုပ်ဖြစ်​နေတဲ့
အမူအရာ​ကို ဖုံးကွယ်မ​နေ​တော့ပဲ သက်ပြင်း
ချလိုက်သည် ။
" ​တော်​တော့ Mason ၊ မင်း ဘာ​တွေ
ဘယ်​လောက်ပဲ ​ပြော​ပြော ငါ မင်းကို
ထပ်မ​တွေ့ ချင်​တော့ဘူး "

သူ့ မှာ ​ပြောချင်သည့် စကား​တွေ အများကြီး
ရှိ​သော်လည်း မ​ကျေမနပ်နှင့်ပင် ပါးစပ်
ပိတ်ထားလိုက်ရပြီး Declan အား နှုတ်ဆက်
ကာ ထွက်သွား​တော့သည် ၊ Mason ထွက်
သွားပြီး​နောက်မှာ​တော့ Declan က အချိန်
အ​တော်ကြာ​အောင် မျက်လုံးမဖွင့်ခဲ့ဘူး ။
ကြည့်ရတာ သူ မျက်ရည်မကျ​အောင် ထိန်း
ထားသလို​ကြောင့် ငါ့ နှလုံးသား​လေး ကို
နာကျင်​ရ​စေတယ် ။

You've reached the end of published parts.

⏰ Last updated: Nov 16, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ​လေးက အာဏာရှင်ကြီးရဲ့  အရုပ်​လေးဖြစ်လာခဲ့တယ် ||မြန်မာဘာသာပြန်||Where stories live. Discover now