unicode - version
translator @ Abi - Gilငယ်သူငယ်ချင်းဖြစ်တဲ့ Mason က
အာဏာရှင်ဘုရင်ဖြစ်လာထိတိုင်အောင် Declan
အပေါ် သစ္စာစောင့်သိခဲ့သည် ။ ဒါပေမဲ့လည်း
Declan က တိုက်ကြီးတစ်ခုလုံး နဲ့ အင်ပါယာ
ကို အန္တရာယ်ပေးယုံတင် မဟုတ်ဘဲ Mason
ရဲ့ ချစ်လှစွာသော ဇာတ်လိုက်မ ကိုပါ သတ်ပစ်ဖို့
ကြိုးစားခဲ့တယ် ။ ဒါ့ကြောင့် Declan ကို
သတ်ဖို့က လွဲပြီး သူ့ မှာ ရွေးချယ်စရာမရှိခဲ့ဘူး .....' ဒါဆို အရုပ်ကရော ဘာဖြစ်သွားလဲ ? '
ငါ စဥ်းစားလိုက်ချိန်မှာ ရှော့ခ်အကြီးကြီး
ရသွားမိတယ် ။ ' Declan သေဆုံးပြီး
နောက်မှာ အရုပ် က အကျိန်ဆဲခံရပြီး မီးရှို့ခံ
လိုက်ရတယ် ! ' အခြားသူတွေအတွက်ကတော့
အဲ့ဒီ့အရုပ်ကို အာဏာရှင်ရဲ့ အတ္တကြီးမှု
တစ်ခုအဖြစ်သတ်မှတ်ထားသည် ၊ ဒီတော့
အာဏာရှင်ဘုရင် အပေါ်က ဒေါသတွေက
အရုပ်စီရောက်သွားတာ သဘာဝပဲလေ ။' အဲ့ဒါက တကယ့်ကို လှည့်ကွက်ပဲ '
ကိုယ့်ခေါင်းကိုယ် ပြန်ကုတ်လို့မရတာကြောင့်
ငါ သက်ပြင်းပဲချလိုက်မိသည် ။ ဒီတိုင်းတော့
ထိုင်နေလို့ မရဘူး ။ ' တစ်နည်းနည်းနဲ့
အသက်ရှင်ဖို့ နည်းလမ်းရှာမှရမယ် ' .
Declan ဧကရာဇ်ဖြစ်လာတာ တစ်နှစ်ရှိပြီ
ဒီတော့ နောက် ငါးနှစ်နေရင် သူ သေလိမ့်မယ် ။အဲ့ဒီ့ အချိန်ကြားမှာ နည်းလမ်းရှာမတွေ့ရင်
ဘယ်လိုလုပ်မလဲ ? ။ကျိန်စာက ငါ့ ဝိဉာဥ်ကို မီးတောက်တွေထဲမှာ
ထာဝရ ပိတ်လှောင်ထားပြီး နာကျင်ခံစားရ,ရင်ရ
မဟုတ်ရင် ပျက်စီးသွားလိမ့်မယ် ။ငါက အရုပ်ပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် ,
အသက်ရှင်ဖို့ နည်းလမ်းတော့ ရှာရမယ် ၊
ဒီလိုမှ ငါ လူအဖြစ်ပြောင်းလဲဖို့ နည်းလမ်း
ရှာလို့ရမှာ ။' ငါ ဘာလုပ်သင့်လဲ ? ၊ နည်းလမ်းရော
ရှိပါ့မလား ၊ ဘာလို့ ဒီနေရာကို အရင်ရောက်နေ
ရတာလဲ ? ၊ ဒီနေရာမှာ ငါ့ မျက်လုံးတွေရော
ဖွင့်ထားလို့ရပါ့မလား ? 'ငါ့ အတွေးတွေနဲ့ ငါ နပန်းလုံးနေတုန်းမှာပဲ
Declan က ငါ့ကို ချီထားတုန်းဆိုတာ သိလိုက်
ရတယ် ။
YOU ARE READING
ငါလေးက အာဏာရှင်ကြီးရဲ့ အရုပ်လေးဖြစ်လာခဲ့တယ် ||မြန်မာဘာသာပြန်||
RomanceTitle name : ငါလေးက အာဏာရှင်ကြီးရဲ့ အရုပ်လေးဖြစ်လာခဲ့တယ် [ uni x zawgyi ] Web name : I'm A Doll, But The Tyrant Is Obsessed With Me Author(s) : Jin Yurim 진유림 English Translator : mysticalmerries Translator : @ Abil --Gil Genre : Fantasy , Roman...