Mara _ 3

2.2K 258 32
                                    

" ရား..Park Jimin မင်းတကယ်ကြီးငါနဲ့လိုက်မလို့လား "

အထူးတန်းလိုနေရာမျိုးမှာ ဘေးချင်းကပ်ထိုင်ရင်း နားစည်ကွဲလောက်တဲ့အသံနှုန်းဖြင့်အော်လာတဲ့အခါလက်အာငွေ့ပေးပြီး နားရင်းကိုခပ်နာနာအုပ်ချလိုက်သည်။

အိမ်မက်ဆိုရင်တောင် သူ့ရိုက်ချက်မှာဒီကောင်နိုးသွားလောက်ပါတယ်လေ။

" လူတစ်ကိုယ်လုံးက လေယျာဥ်ပေါ်ရောက်နေပြီကို ငါကမလိုက်လို့လေယျာဥ်ပေါ်က​နေခုန်ချ​ပြီး​နေခဲ့ရမှာလား "

" မင်းလက်လွန်မယ်နော်....ငါဆိုလိုတာက Koreaအထိကိုမင်းကဘာလိုက်လုပ်မှာလဲမေးတာ "

လက်ဝါးထဲသံတွေထည့်ထားသလားမှတ်ရတဲ့ ရိုက်ချက်တွေ ။ Taehyungရဲ့ဇတ်ပိုးလေးကလည်းနီရဲသွားတာကြောင့်ခပ်ဖွဖွပွတ်မိရင်း Jiminကိုအပြစ်တင်လေသည်။

" ဘာလုပ်ရမှာလဲ Dancerပေါ့ ။ မင်းရဲ့အိမ်မက်က BalletဆိုငါကDancer​လေ
Sejong မှာမင်းနဲ့အတူတူကျောင်းတက်မှာ "

" ဒါပေမယ့်အန်တီကမင်းကို မလုပ်ခိုင်းဘူးမလားဒါကိုမင်းကဘလိုလုပ်ပြီးငါနဲ့လိုက်လာနိုင်တာလဲJimin "

အိမ်မပိုင်တာချင်းတူသလို အိမ်ကမနိုင်တာချင်းလည်းတူနေပြန်တဲ့သူတို့နှစ်ယောက်ကဝါသနာပါရာကိုလုပ်ပိုင်ခွင့်မရှိသလောက်ဘဲ

Jiminအိမ်ကလည်း Dancerအလုပ်ကိုခွင့်မပြုသလို သူ့အိမ်ကလည်းBalletဆိုတာနဲ့သရဲကားကြည့်ရတာထက်ကြောက်ကြသည်။

အချိန်တန် အဖေဦးဆောင်တဲ့လုပ်ငန်းတွေကိုသာဆက်ခံဖို့က နေ့တိုင်းကြားနေကြဓာတ်ပြားဟောင်းကြီးထဲကတစ်ခု။

" မှန်းကြည့်လေ ငါဘလိုလိုက်လာတာလဲလို့ "

ရှေ့ဆံပင်ကိုသပ်ကာပြောလာသည်။ အုံးစားတဲ့အလုပ်ထက် သူ့ကိုစားလိုက်တာမှပိုအဆင်ပြေအုံးမည်။သူကဘလိုလုပ်ပြီး Park Jimin ရဲ့Korea ပြန်ဖြစ်စဥ်ကိုသိမည်တဲ့လဲ

" Ji..jiminငါတွေးသလိုတော့မဟုတ်လောက်ဘူးမလား အိမ်ပေါ်ကဆင်းလာတာမျိုးလေ ။ ဒီလိုဆိုငါကသူငယ်ချင်းကောင်းလုပ်ပြီးတင်ကျွေးရ​တော့မှာပေါ့ ဖာခ့် မလုပ်နိုင်ဘူး​နော်လုံးဝမလုပ်နိုင်ဘူး"

 𝘔 𝘈 𝘙 𝘈 Where stories live. Discover now