First(Unicode)

2.1K 134 9
                                    

"ဟာ မသွားချင်ပါဘူး ကိုကိုရာ"

      မိမိဆန္ဒမပါဝင်ပဲ အတင်းသွားခိုင်းသည့်နေရာတစ်ခုကို မသွားချင်ကြောင်းအတင်းငြင်းကန်နေသည့် လှိုင်းသက်လျာဆိုသည့်အမျိုးသမီးငယ်လေး။နာမည်တင်လှတာမဟုတ်ပဲ လူပါ လှပလွန်းတဲ့ အသက် ၂၁နှစ်အရွယ်ကောင်မလေး။လှသည်ဆိုတာထက် ချစ်ဖို့ကောင်းတဲ့ကောင်မလေး။ရွှေအိုရောင်ဆံနွယ်တွေကို ပိုင်ဆိုင်ထားတဲ့ကောင်မလေး။မိဘနှစ်ပါးလုံးမရှိတော့သည့်အချိန်ကစလို့ အစ်ကိုဖြစ်သူကပဲ ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ ကောင်မလေး။

"ကိုကို့ ညီမလေးက လိမ္မာပါတယ်ကွာ"

        လှိုင်း၏အကိုနာမည်က သူရမောင်တဲ့။လှိုင်းထက် 6နှစ်သာကြီးတဲ့ အစ်ကိုဆိုပေမဲ့ ဖခင်တစ်ဦးလိုပင်။လှိုင်းဖြစ်ချင်တာ၊လိုချင်တာကို အမြဲဖြည့်ဆည်းပေးတတ်တဲ့ သူပေါ့။အခုမှာတော့ ပြင်ဦးလွင်က မိဘနှစ်ပါးဝယ်ယူခဲ့တဲ့ လိမ္မော်ခြံ၊ကော်ဖီခြံတွေကို တစ်ချိန်ကျရင်ကိုယ်တိုင်ဦးစီးနိုင်အောင် ပြင်ဦးလွင်မြို့က မိခင်၏မိတ်ဆြွေဖစ်သူအမျိုးသမီးထံ စီးပွားရေးပိုင်းဆိုင်ရာပညာတွေ သင်ကြားရန် လွှတ်နေတာကိုပင်လှိုင်းက မသွားချင်ပဲ ငြင်းနေသည်။

"ကိုကိုကလဲ သူများအိမ်မှာမနေချင်ပါဘူး"

"ညီမလေးကလည်း သူများအိမ်ဆိုပေမဲ့ အန်တီလွမ်းရိပ်မြူက မေမေအရမ်းရင်းနှီးတဲ့ မိတ်ဆွေလေ ပြီးတော့တကယ့် ညီမတွေလိုပဲ သဘောကောင်းပါတယ်"

          ထိုအမျိုးသမီးကို လှိုင်းနာမည်သာကြားဖူးပေမဲ့ လူကိုတော့ မမြင်ဖူးပေ။ဘယ်လိုပဲ မေမေ့ရဲ့အရင်းနှီးဆုံးမိတ်ဆြွေဖစ်ပါစေ လှိုင်းမသိတဲ့ သူစိမ်းအမျိုးသမီးရဲ့အိမ်မှာတော့ လှိုင်းမနေနိုင်ပါ။နေလဲမနေချင်ပါ။

"ဟာ လှိုင်းမှ သူ့ကိုမမြင်ဖူးတာ ကိုကိုရဲ့ သဘောကောင်းမကောင်း ဘယ်သိပါ့မလဲ လှိုင်းမသွားချင်ဘူး ကိုကိုပဲသွား"

"ကိုကိုက ဒီကအလုပ်တွေရှိသေးလို့ပေါ့ နောက်ပြီး နောက်လကျရင်လဲ ကိုကိုတို့လင်မယားက နိုင်ငံခြားကိုသွားရဦးမှာ"

"ဖမ်းဆုပ်မိသော အချစ်တစ်ခု"Where stories live. Discover now