Third(Unicode)

1.2K 107 5
                                    

တစ်ညတာလုံး အိပ်မပျော်ခဲ့ပဲ မနက်၃နာရီလောက်မှ လှိုင်းအိပ်ပျော်သွားခဲ့သည်။ညက သူမပေးတဲ့ ဒဏ်ရာတွေက အတော်ပြင်းသည်ကိုး။

"သမီးလှိုင်း အပြင်မှာဧည့်သည့်ရောက်နေတယ်"

       ဧည့်သည်.ဘယ်ကဧည့်သည်လဲ။လှိုင်းမျက်လုံးများကို အသာအယာဖွင့်ကြည့်မိတော့ နေရောင်ခြည်သည် အခန်းထဲကို လုံလုံလောက်လောက်ပင် ဝင်ရောက်နေသည်။လှိုင်း အိပ်ရာမှ မြန်မြန်ထကာ မျက်နှာသစ်၊သွားတိုက်ပြီး အခန်းအပြင်ကို ထွက်လိုက်တော့ ဧည့်ခန်းထဲတွင် သူမနဲ့ အာကာစကားပြောနေတာကိုတွေ့ရသည်၊ဒါဆို ဧည့်သည်ဆိုတာ အာကာပေါ့။အာကာနဲ့ စကားပြောနေရင်းမှ သူမအကြည့်တွေက လှိုင်းဆီကို ရောက်လာသည်။အကြည့်စူးစူးနဲ့၊ခပ်တင်းတင်းမျက်နှာထားဖြစ်လျက်။

"မင်း သူငယ်ချင်းတဲ့ လျှောက်လည်မှာဆို"

       သူမရဲ့ ထိုအပြုအမူတွေကို လှိုင်း ခံနိုင်ရည်ပင်မရှိတော့။မနေ့က လျှောက်လည်မယ်ပြောတာတောင် ခပ်မာမာဖြစ်သွားတာ လျှောက်လည်လိုက်ရင် စကားတောင်ပြောတော့မည်မဟုတ်။တစ်ခါတစ်လေတော့လဲ ဒီအမျိုးသမီးရဲ့ စိတ်က နားလည်ရခက်သည်။မလည်ရလဲ လှိုင်းအတွက်ကိစ္စမှမရှိပဲ။

"ဟို အာကာ ငါမလိုက်တော့ဘူးဟာ"

"ဘာလို့လဲ နင်ကလဲ ငါက လိုက်ပို့ချင်လို့ ထွက်လာခဲ့တာကို"

       ထိုစကားဝိုင်းမှသူမထထွက်လိုက်တော့ လှိုင်းစဉ်းစားရခက်သွားပြန်သည်။ဘာလုပ်ရမလဲပင်မသိ။

"အန်တီ လှိုင်း..."

"လိုက်သွားလိုက်လေ အန်တီလည်းအပြင်သွားစရာရှိသေးတယ်"

        သူမဘယ်ကိုသွားမည်လဲ။ဒီနေ့ စိုက်ခင်းတွေဆီလဲ မသွားရပါ။လှိုင်းကိုလည်း အပြင်သွားမယ်လို့ ပြောမထားပါ။သူမသွားရင် လှိုင်းပါ လိုက်မှာပေါ့။

"အပြင်သွားမှာဆို လှိုင်းလိုက်မယ်လေ"

"သူငယ်ချင်းရောက်နေတာပဲ သူနဲ့ပဲလိုက်သွားလိုက်တော့"

       လှိုင်းပြောမည့်စကားတွေကိုပင် နားမထောင်ပဲ အခန်းထဲဝင်သွားတဲ့သူမ။လှိုင်းဘာလုပ်ရမလဲဆိုတာကိုလဲ မသိတော့ပါ။မတက်နိုင်သည့်အဆုံး အာကာနဲ့သာ လျှောက်လည်ဖို့ ဆုံးဖြတ်လိုက်သည်။စိတ်မပါပဲ ပြင်ဆင်ရှိစရာများကို ပြင်ဆင်ပြီး အာကာနဲ့အတူထွက်လာခဲ့ကြသည်၊ခန္ဓာကသာ ဒီမှာဆိုပေမဲ့ စိတ်တစ်စုံတော့ သူမဘေးမှာ ပျံ့ဝဲလျက်။ပြင်ဦးလွင်၏ အထင်ကရဖြစ်သည့်နေရာများကို လည်ပတ်ကြသည်၊ပိတ်ချင်းမြောင်သည်လည်း အထင်ကရနေရာထဲကတစ်ခု။လှိုင်းဘယ်လိုမှလည်ချင်စိတ်မရှိတော့၍

"ဖမ်းဆုပ်မိသော အချစ်တစ်ခု"Where stories live. Discover now