Fourth(Unicode)

1.9K 105 4
                                    

ချစ်သူဖြစ်သည့်နေမှ အခုချိန်ထိ သူမတို့၏ အချစ်တွေနဲ့ လူအများ၏ဝေဖန်မှုတွေကို ဂရုမစိုက်ပဲဖြတ်ကျော်ခဲ့ကြသည်၊အခုဆိုရင် လှိုင်းသည်လည်း စီးပွားရေးအကြောင်း အတော်နားလည်ပြီဖြစ်၍ သူမလိုပင် ကိုယ်တိုင်ဦးစီးလို့နေပြီ။စိုက်ခင်းတွေထဲမသွားရသည့်နေ့တွေမှာဆိုရင် ထမင်းတွေတူတူချက်ကျ၊သူမဆီက ချည်ထိုးနည်းသင်လိုက်နဲ့ ပျော်ပျော်ရွှင်ရွှင်ပင်ဖြတ်သန်းကြသည်။ယခုလည်းခြံထဲတွင် ပန်းပင်တွေကို ရေလောင်းနေသည့် သူမ၏သွယ်လျလျခါးလေးကို လှိုင်းအနောက်မှသိုင်းဖက်လိုက်သည်၊သိုင်းဖက်လာတဲ့ အထိအတွေ့က နွေးထွေးမှုတစ်ခု။ပိတုန်းရောင်ကဲ့သို့ နက်မှောင်တဲ့ ဆံကေသာထက်က အဝါရောင် သနပ်ခါးပန်းနဲ့ စိမ်းစိုစို အရွက်လေးတွေက ထင်ရှားလျက်။

"ချစ်တယ် အန်တီ"

"အန်တီလဲ ချစ်ပါတယ် ကလေးလေးရယ် ကဲ အခုတော့ လွှတ်ဦး"

     သူမစကားကို လှိုင်းမငြင်းရဲပါ။ဖက်ထားတဲ့လက်တစ်စုံကို ဖယ်ရှားပေးလိုက်ပြီး ဒန်းပေါ်တွင် ထိုင်လိုက်ကြသည်၊လှိုင်းလက်တစ်စုံကတော့ သူမလက်ကို အုပ်မိုးထားသည်။

"အန်တီ လှိုင်းနဲ့အတူ သက်ဆုံးတိုင်ထိ ရှိနေပေးမယ်မလား"

"ရှိနေပေးမှာပေါ့ လှိုင်းကရော"

"နောင်သံသရာအဆက်ဆက်ထိတူတူရှိပေးမှာ"

"အန်တီလေ လှိုင်းအချစ်တွေနဲ့နွေးထွေးရတယ် လှိုင်းရှိနေရင် စိတ်လုံခြုံမှုရတယ် အင်း.. လှိုင်းသာ လှိုင်းလုံးလေးဖြစ်မယ်ဆိုရင် အန်တီကတော့ ပင်လယ်သာဖြစ်လိုက်ချင်တော့တယ် ပင်လယ်နဲ့ လှိုင်းလုံးဆိုတာ အမြဲဒွန့်တွဲပြီးရှိနေတာလေ"

        သူမ အဲ့လောက်တောင်စကားတတ်သည်လား။တကယ့်ကို ချစ်စရာအမျိုးသမီးလေး။

"လှိုင်းကလဲလေ အန်တီက ပန်းပွင့်ဆိုရင် လှိုင်းက သစ်ရွက်လေးဖြစ်ပေးမှာ အန်တီက လမင်းကြီးဆို လှိုင်းကကြယ်လေးတစ်ပွင့်ဖြစ်ပေးမှာ အန်တီဆီကဖမ်းဆုပ်မိတဲ့ အချစ်တစ်ခုကို ဘယ်တော့မှလက်လွှတ်မခံတော့ဘူး"

"ဟွန့် စကားကလဲ တတ်သလားမမေးနဲ့"

"အချစ်တွေကနေ စကားလုံးလှလှလေးတွေပြောင်းသွားတာလေ ဟို မနက်ဖြန် ကိုကိုတို့ လင်မယား အလည်လာမယ်တဲ့"

You've reached the end of published parts.

⏰ Last updated: May 17 ⏰

Add this story to your Library to get notified about new parts!

"ဖမ်းဆုပ်မိသော အချစ်တစ်ခု"Where stories live. Discover now