part(7)

62 13 1
                                    

gunကျောင်းကအပြန်ကြွက်ရုပ်လေးတွေဝင်ဝယ်ခဲ့တယ်
"အိစိအိစိနဲ့တကယ့်အစစ်ကျနေတာပဲ
ဟဲ...ဟဲ တွေ့ကြပြီပေါ့ဗျာ"
gunအိမ်ရောက်တာနဲ့ဟိုလူအရိပ်အခြေကိုအရင်ကြည့်ရတယ်
အံ့မယ်နှစ်​ယောက်သားချက်ပြုတ်နေကျတာပဲ...

"Tay မင်းကြက်သွန်လှီးတာအခုထိမပြီးသေးဖူးလား"

"အဟင့်...တီတီရေ လာကြည့်ပါအုံးဗျာ တီတီသားက သားကိုနှိပ်စက်နေတယ်"

"ဟာ ဟေ့ရောင်ကြက်သွန်လေးပဲလှီးခိုင်းတာကို မသိရင်သူ့ကိုအနိုင်ကျင့်နေသလိုပဲ"

"စပ်တယ်ကွ...အားး"

"ဟ..ဘာဖြစ်တာတုန်း"

"ဓားထိသွားတာ"

"မင်းကတော့လေ...ဖယ်...ဖယ် ငါ့ဘာသာလုပ်တော့မယ်"

"ဟွန့် ငါရေသွားချိုးတော့မယ်"
Tayအိမ်ပေါ်တက်သွားတာနဲ့gunလဲမီးဖိုထဲယောင်လည်လည်နဲ့ဝင်ခဲ့တယ်

"ဟို စီနီယာ gunကူညီရမလား"

"ကြားသားမိုးကြိုးမင်းကလေ နေပါ လုပ်တတ်တာလဲမဟုတ်ဘဲနဲ့"

"အဲ့ဒါဆိုလဲ ပြီးရောဗျာ စေတနာနဲ့ကူညီမလို့ကို နေပေါ့"

"ငါတော့ ထီထိုးရတော့မယ်ထင်တယ်..ဟားးဟားး"
gunကတော့offအလစ်ကိုသာစောင့်နေလိုက်တယ်
ခနနေတော့off ဟင်းအိုးဘက်ပြန်လှည့်သွားမှ
စားပွဲခုံပေါ်မှာ ကြွက်ရုပ်လေးကိုတင်ထားလိုက်တယ် အဲ့ဒါမှ ကြက်သွန်ပန်းကန်ယူတဲ်အချိန်တွေ့မှာလေ.....gunကြိတ်ကျေနပ်နေလျက် ထွက်လာခဲ့လိုက်တော့သည်

"ကူညီစရာမလိုရင်လဲသွားပြီဗျာ အိမ်စာလုပ်တော့မယ်"

"သွားပေါ့...ဘယ်သူကမင်းကိုတားနေလို့လဲ"

"သွားပြီ..ဘိုးတော်ရေ"gunပြောချင်ရာပြောပြီး အပေါ်သို့ပြေးတက်လိုက်သည်

"ဟာ...ဒီဂျပုတော့ကွာ"off gunကိုကျိန်ဆဲလျက် ကြက်သွန်ပန်းကန်ကိုယူလိုက်သောအခါ

"ဒုန်းးးခလွမ်းးးအားးးးကြွက်...ကြွက်"
Offအော်သံကြား၍မပေါ်ကပြေးဆင်းလာသော သုံးယောက်

"ဒုန်းး...အာ့ သေပါပြီ"အရေးထဲချော်လဲနေတဲ့Tay

"မင်းကလေအမြဲတမ်း နမော်နမဲ့နဲ့....ထ....ထဟိုမှာဘာဖြစ်နေလဲမသိဖူး"
NewလဲTayကိုထူပေးလျက် တွဲခေါ်ခဲ့တယ်

မတည့် အတူနေ(complete)Where stories live. Discover now