Unicode ✅
"ရဲ...ရဲမှုး"ရဲစခန်းထဲသို့ကတုန်ကယင်နဲ့ဝင်လာခဲ့တဲ့ကောင်မလေးတစ်ယောက်။
ထိုကောင်မလေးရဲ့ပုံစံမှာတစ်ခုခုကိုလန့်နေတဲ့ပုံစံဖြစ်နေသည်။
"အော် ဘာကူညီပေးရမလည်းဗျ"
"ကျမ..ကျမလူသတ်သမားကိုတွေ့ခဲ့တယ်"
ထိုကောင်မလေးရဲ့စကားအဆုံးတွင်တော့ရဲမှုးဆိုတဲ့သူဟာရှေ့ကသူ့ရဲ့လက်ထောက်ကိုလှမ်းကြည့်လိုက်လေသည်။
နောက်ဆုံးတော့မျက်မြင်သက်သေကိုတွေ့ပြီဆိုတဲ့သဘောဖြင့်။ထိုလူသတ်သမားဟာအခုဆိုလူ5ယောက်တောင်သတ်ပြီးပြီဖြစ်သည်။
အသတ်ခံရတဲ့လူတိုင်းကလည်းမြင်မကောင်းအောင်ကိုပင်။
"စိတ်ငြိမ်ငြိမ်ထားပါ ဘယ်လိုမြင်ခဲ့တာလည်းကျတော့်သေချာကိုပြောပြပါ"
"သူက..သူကအရပ်ရှည်တယ် maskအမဲရောင်ကိုတပ်..တပ်ထားပြီးကောင်လေးတစ်ယောက်ကိုရိုက်-"
"ကောင်မလေး! ကောင်မလေး! သတိထားပါဦး ချွဲဂျောင်ဝူးဆေးရုံကိုဖုန်းလှမ်းဆက်"
ကောင်မလေးကအကြောက်လွန်ကာလူသတ်သမားရဲ့ပုံစံကိုပြောနေရင်းကနေသတိလစ်သွားခဲ့လေသည်။
ထို့ကြောင့်ဆေးရုံကားရောက်လာလေတော့ဆေးရုံတင်လိုက်သည်။
"သူမကိုသေချာစောင့်ကြည့်ထား ပထမဆုံးမျက်မြင်သက်သေဖြစ်တာမို့သေချာဂရုစိုက်ပေးလိုက်"
"ဟုတ်ကဲ့"
ရဲမှုးရဲ့သေချာဂရုစိုက်ပေးဆိုတဲ့စကားဆုံးသည်နှင့်သူကိုယ်တိုင်ဆေးရုံကိုလာခဲ့လိုက်သည်။
ထိုကောင်မလေးကအခုဆိုရင်ထိုလူသတ်သမားရဲ့6ယောက်မြောက်ပစ်မှတ်ဖြစ်လာနိုင်သည်။
လူသတ်သမားတွေဟာဘယ်တော့မှသူတို့ကိုမြင်တွေ့ခဲ့တဲ့လူတွေကိုအရှင်မထား။
"ဟဲလို"
"......."
"ဗျာ! သားလေးဆေးရုံတင်ထားရတယ်ဟုတ်လား"
"......."
"လာခဲ့ပါမယ်ခဏစောင့်ပေးပါ"
သားဖြစ်သူဇောနဲ့ကြောင့်ဂျောင်ဝူဟာသတိလက်လွှတ်ဖြစ်ပြီးထိုကောင်မလေးကိုစောင့်ရှောက်ဖို့လူမလွှတ်ထားခဲ့ရ။
YOU ARE READING
Who's The Killer (Complete)
Fanfiction⚠️Mature On⚠️(အနည်းငယ်) Starting Date:31.12.2022 Ending Date:8.3.2023