🔪4🔪

215 12 0
                                    

Unicode ✅

လူသတ်မှုဖြစ်ပြီး၃ရက်လောက်နေတော့စုံထောက်မင်ဆော့ဟျွန်းနဲ့သူ့ရဲ့ဂျူနီယာလေးတို့ဟာနားနေခန်းထဲတွင်အမှုကိစ္စကိုဆွေးနွေးလျက်ရှိပေသည်။

"တစ်ခုခုထူးဆန်းတယ်လို့မထင်ဘူးလားစီနီယာ"

"ဘာကိုလည်းဂျွန်ယောင်းရဲ့"

"အဲ့ဒီဂျွန်ဂျောင်ဂုဆိုတဲ့ကောင်လေးကStoreဆိုင်သွားတယ်လို့ပြောတယ်မလား"

"ဟုတ်တယ်"

"ချန်ဂိုရပ်ကွက်မှာStoreဆိုင်မှမရှိတာ"

"အနီးအနားမှာသွားဝယ်တာဘဲဖြစ်မှာပေါ့"

"မဟုတ်ဘူး ကျတော်အဲ့ရက်ကစစ်ထားပြီးပြီဆိုင်တစ်ဆိုင်မှမပိတ်ထားပါဘူး"

*ဒေါက် ဒေါက်*

"စုံထောက်မင်ဆော့ဟျွန်းရှိလား"

"ရှိတယ် ဝင်ခဲ့"

"ဟိုရက်ကမင်းတောင်းထားတဲ့ Cctvဖိုင်"

"ကျေးဇူးပဲကွာ"

"မလိုပါဘူး ဒါဆိုငါပြန်ပြီ"

"အေးအေး"

"စီနီယာ Laptop"

ကမ်းပေးလာသည့် Laptopကိုယူကဖိုင်နဲ့ကိုချိတ်ကာကြည့်လိုက်တော့တွေ့လိုက်ရတဲ့ကောင်လေးတစ်ယောက်။

အခင်းဖြစ်တဲ့နေရာကိုကောင်လေးနှစ်ယောက်ကဝင်လာခဲ့သည်။

တစ်ယောက်ကဟိုရက်ကသေသွားတဲ့ကောင်လေး။နောက်တစ်ယောက်ကလူသတ်သမား။

တိုက်မိသွားကြပြီးတော့စကားများနေတဲ့ကောင်လေးနှစ်ယောက်။

မကြာပါလူသတ်သမားကခါးပတ်ကိုချွတ်ကာအရှေ့ကကောင်လေးကိုစတင်ရိုက်တော့သည်။

ထိုကောင်လေးမလှုပ်နိုင်တော့တဲ့အချိန်ကျမှထပြန်တော့ဖို့လုပ်နေတဲ့လူသတ်သမား။

သို့သော်လည်းကောင်လေးကထိုလူသတ်သမားရဲ့ခြေထောက်ကိုလှမ်းဆွဲထားသည်။

လူသတ်သမားကဒေါသဖြစ်ကာထိုကောင်လေးကိုထပ်မံရိုက်နှက်ပြန်သည်။

Cctvဖိုင်ကိုကြည့်ပြီးတော့ပိတ်ကာစဥ်းစားမိသည်။

"စီနီယာလူသတ်သမားရဲ့ခန္ဓာကိုယ်အချိုးအစားကဂျောင်ဂုဆိုတဲ့ကောင်လေးနဲ့တူသလိုဘဲ"

Who's The Killer (Complete) Where stories live. Discover now