Unicode ✅
👱♀️:ချန်ဂိုရပ်ကွက်တွင်ယနေ့မနက်9နာရီခွဲအချိန်မှာသေဆုံးနေသောကောင်လေးတစ်ယောက်ကိုရပ်ကွက်သူ/သားများကတွေ့ရှိခဲ့ကြသည်။သေဆုံးနေသည့်ကောင်လေးရဲ့အမည်ကတော့***ဖြစ်ပြီးခါးပတ်နဲ့ရက်ရက်စက်စက်ရိုက်နှက်ခံထားရပါသည်။ထိုကောင်လေးသေဆုံးမှုကြောင့်ရဲများကလည်းချန်ဂိုရပ်ကွက်တစ်ခုလုံးကိုတစ်အိမ်မကျန်စစ်ဆေးနေကြကြောင်း။
"ဂျောင်ဂု! ဒီနေ့မနက်မင်းStoreဆိုင်သွားတဲ့အချိန်မဟုတ်ဘူးလား"
TVမှာလာနေတဲ့သတင်းကိုကြည့်ကာဂျောင်ဂုဘေးနားကိုအမောတကောရောက်လာကာမေးနေတဲ့ဆော့ဂျင်။
"မဟုတ်ဘူးHyungကျတော်တစ်ခြားလမ်းကသွားတာ"
*ဒေါက် ဒေါက်*
"***ရဲစခန်းကစုံထောက်မင်ဆော့ဟျွန်းပါအိမ်ထဲကိုစစ်ကြည့်ချင်လို့ပါ"
"Naeလာပါပြီ!"
တံခါးဖွင့်ပေးလိုက်တော့နာမည်ကတ်ပြားကိုထောင်ပြလာကာ။
"စစ်ဆေးဖို့အမိန့်ရထားလို့ပါ"
"ရပါတယ်စုံထောက်ကြီးတို့စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်"
ဆော့ဂျင်စကားဆုံးတော့စုံထောက်များကတစ်ခန်းဝင်တစ်ခန်းထွက်နဲ့စစ်ဆေးကြတော့သည်။
"ဒီအိမ်မှာတော့ဘာမှမတွေ့-"
"စီနီယာ! စီနီယာ!"
"ဘာလည်းကွ"
"ကျတော်စတိုခန်းထဲမှာဘာတွေ့လာလည်းသိလား"
"ဘယ်လိုလုပ်သိမှာလည်းကွာ"
"စတိုခန်းထဲမှာသွေးစွန်းနေတဲ့ခါးပတ်တစ်ခုကိုကျတော်တွေ့လာတယ်"
"ဟမ်! အခုချက်ချင်းစတိုခန်းထဲကိုအကုန်လုံးရှာကြ!"
"နောက်ပြီးတော့ဒီအိမ်မှာနေတဲ့သူတွေတစ်ယောက်မကျန်စုထားပေးပါ"
စုံထောက်မင်ဆော့ဟျွန်းစကားဆုံးတော့ဂျောင်ဂုနဲ့ဆော့ဂျင်မှာအကုန်လုံးကိုဖုန်းဆက်ခေါ်ရသည်။
20မိနစ်လောက်နေတော့ ဧည့်ခန်းထဲတွင်လူစုံနေပြီ။
"ကင်မ်ထယ်ယောင်း ဒီနေ့မနက်9နာရီခွဲမှာဘယ်နေရာမှာဘာလုပ်နေသလည်း"
YOU ARE READING
Who's The Killer (Complete)
Fanfiction⚠️Mature On⚠️(အနည်းငယ်) Starting Date:31.12.2022 Ending Date:8.3.2023