Unicode✅
ဂျောင်ဂုအိမ်ကနေထွက်ပြေးပြီးခြေဦးတည့်ရာလျှောက်သွားနေမိသည်။ဦးကငါ့ကိုမုန်းသွားတော့မှာလားဟုတွေးရင်းလူကကြောက်လန့်လာခဲ့သည်။
သူသွားနေတဲ့နေရာကတော့နမ်ဂျွန်းHyungကိုဖမ်းထားတဲ့အိမ်ကိုဖြစ်သည်။ထိုအိမ်နားကိုရောက်တော့ရဲကားတွေကိုတွေ့လိုက်ရသည်နှင့်တပြိုင်နက်ဂျောင်ဂုမှာနောက်တစ်ကြိမ်ထပ်လန့်ရပြန်သည်။
*သူတို့နမ်ဂျွန်းHyungကိုပြန်တွေ့သွားကုန်ပြီ*
နောက်ဆုံးတော့ဂျောင်ဂုတွေးလိုက်မိသည့်အကြောင်းကတစ်ခုဘဲရှိတော့သည်။သူ့အကြောင်းကိုဘောမ်ဂယူကသေချာပေါက်ထယ်ဟျွန်းကိုပြောပြလိုက်တော့မှာ။ထယ်ဟျွန်းကလည်းသိသွားပြီဆိုတော့သူ့ကိုအမှုဖွင့်ပြီးဖမ်းဝရမ်းထုတ်တော့မှာအသေအချာ။
သူလည်းထွက်ပြေးမှရတော့မည်။ဒါပေမဲ့သူမှသွားစရာမရှိတာ။ရုတ်တရက်သူသတိရလိုက်မိသည်ကဘယ်သူမှမသိအောင်ဝယ်ထားတဲ့သူ့ရဲ့ဘူဆန်ကအိမ်ကိုပင်။
အဲ့အိမ်ကိုသွားရင်သေချာပေါက်သူ့ကိုဘယ်မှာရှိကြောင်းသိတော့မှာမဟုတ်။သူထိုအိမ်ကိုသွားရမည်။လမ်းကြားတစ်ခုထဲဝင်လိုက်ကာပါလာခဲ့သည့်ပိုက်ဆံတွေကိုရေတွက်လိုက်သည်။ဘူဆန်ကိုသွားဖို့နဲ့ရုပ်ဖျက်ဖို့အတွက်ဝယ်ရမဲ့အကျီတွေအကုန်လုံးလုံလောက်ပါသည်။--------------
ဒီလိုနဲ့သူဘူဆန်ကိုရောက်လာခဲ့ပြီ။ဘူဆန်ကိုရောက်ရောက်ချင်းထိုအိမ်ကိုသွားကာအိမ်ကိုသန့်ရှင်းရေးလုပ်ရသည်။"ဒီအိမ်လေးရှိနေလို့ဘဲတော်သေးတာပေါ့"
ဂျောင်ဂုကပြောပြီးအိမ်တစ်အိမ်လုံးကိုသော့တွေသေချာခတ်ပြီးအိပ်ဖို့ပြင်သည်။သို့သော်လည်းအိပ်မပျော်ပါ။သူအိပ်ပျော်တော့မည်ဆိုလျှင်သူသတ်ခဲ့သည့်သူများကသူ့ကိုခြောက်လန့်နေသည်။
*မင်းကငါ့ကိုသတ်ခဲ့တာ*
*မင်းကြောင့်ငါ့သားလေးသေခဲ့ရတာ*
*ဦးမင်းကိုမုန်းတယ်ဂျွန်ဂျောင်ဂု*
*ဂျောင်ဂုHyungကစိတ်ပျက်ဖို့ကောင်းတယ်*
YOU ARE READING
Who's The Killer (Complete)
Fanfiction⚠️Mature On⚠️(အနည်းငယ်) Starting Date:31.12.2022 Ending Date:8.3.2023