အပိုင်း (၁၃)

76 9 1
                                    

Unicode

"အသည်းနင့်အောင် မြတ်နိုးတယ် ညီ"

ထိန်ချန်ထားသောခံစားချက်သည် ယဲ့ယဲ့လေးသာရှိပါတယ်ဆိုမှ သက်ဝေအောင်ဆီမှ ဆက်တိုက်ဆိုသလိုပေါ်လာတဲ့စကားကြောင့် မငိုတတ်တဲ့ကလေး မျက်ရည်ကျလာလေသည်။

ချင်းတွင်းမြစ်ရေ....
ခင်ဗျားကြားတယ်နော်။
အစ်ကို​က ကျွန်တော့်ကိုမြတ်နိုးတယ်တဲ့။
ကျွန်တော့်ကို မြတ်နိုးတာတဲ့။

ဝဲ၍လာသောမျက်ရည်တွေသည်ပင် အပျော်လွန်ကာ ပါးပြင်ထက်ကိုကျဆင်းလာတော့သည်။

တင်းကြပ်နေအောင်ဖက်ထားသော သက်ဝေအောင်သည် စဝေယံမိုး၏မျက်နှာကို ညင်သာစွာပင်ကြည့်လိုက်လေသည်။

"ညီ...ဘာလို့ငိုနေတာလဲ။ အစ်ကိုဘာလုပ်မိလို့လဲ"

"သိပ်လုပ်မိတာပေါ့ဗျာ။ ကားပေါ်ကနေဆင်းလာကတည်းက အခုထိ အစ်ကိုသိပ်စိုးမိုးထားတာလေ"

ရီဝေနေသော မျက်လုံးအဝိုင်းသားဖြင့် ပြောစရာစကားပင်ပျောက်ဆုံးနေသောသက်ဝေအောင်သည် စဝေယံမိုးကို မျက်တောင်မခတ်ပဲကြည့်နေမိသည်။

"ကျွန်တော်က တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းပဲနေတတ်တာပါဗျာ၊ အစ်ကို့ကိုမြင်တော့ ဘာမှန်းမသိတဲ့ခံစားချက်ကြီးဖြစ်တယ်။
အစ်ကို သီချင်းဆိုနေရင်လည်း ရင်ခုန်လာတယ်။
ကနေရင်လည်း ခိုးလို့ခုလုဖြစ်လာတယ်။
ခုနကပြောလိုက်တဲ့စကားက အစ်ကိုလဲမမှားပါဘူး။
ဒါပေမယ့် ကျွန်တော်မသိဘူး။  တကယ်မသိတာ ဘာဖြစ်တာလဲ...။
ရူးချင်လာတာနဲ့ ဘယ်ပြဇာတ်ကစကားတွေမှန်းမသိသူ့အလိုလိုကို ထွက်လာရော။
တကယ်ပါပဲ...စိတ်က"

စဝေယံမိုး၏ စကားသံသည် ထွေးပွေ့လိုက်မှုကြောင့် အတိမ်အနက်မရှိပျောက်ကွယ်သွားတော့သည်။

"အစ်ကို တောင်းပန်ပါတယ်။ အစ်ကို ကြိုပြောသင့်တာ။ ညီ စိတ်ခုသွားမှာစိုးလို့ မြိုသိပ်ထားမိတဲ့အဖြစ်က အစ်ကို့ညီကို အခုလိုမွန်းကြပ်နေစေလိမ့်မယ်ဆိုတာ မထင်ထားမိဘူး"

တဟီးဟီးရှိုက်ကာဖြင့် ငိုနေသောကလေးကို ကျောပြင်အားပုတ်ပြီး ချော့နေသည့် အဖြစ်ကို ချင်းတွင်းမြစ်ကတော့ မြိန့်မြိန့်ကြီး ကြည့်နေလိမ့်မလား။

ရေလိုအေးတဲ့ နွေလေးတစ်နွေ (ရေလိုအေးတဲ့ နွေလေးတစ်နွေ)Where stories live. Discover now