အပိုင်း (၂၈)

52 6 0
                                    

Unicode

ရွှေဟင်္သာတောင်ပံခတ်လို့
လေဟာရပ်ဝန်းဝဲကာသီ
မန်းမြေပေါ်  အခြေချတော့
နေပူလေရိုင်းမူးလေပြီ။

ရွက်ခြောက်ကြွေတို့မြေပေါ်ခနေပုံမှာ လူသွားလမ်းကြားလေးကို ပန်းချီခြယ်သထားသည့်အတိုင်းပင်။
နာရီအတော်အတန်ကြာသည့်အခါမှာတော့ စဝေယံမိုး၏ ခြေအစုံသည် မန္တလာမြေပေါ်တွင် ရပ်လျက်ရှိလေပြီ။
လှိုင်းမူးခဲ့သည်မို့ ရီဝေဝေဖြစ်နေသော ခံစားချက်ကို လတ်ဆတ်တဲ့ လေပြေအေးက အဝေးသို့ခေါ်ဆောင်သွားတော့သည်။
မြို့မန္တလေး၏ လောင်းရိပ်အောက်က ကလေးဝမြို့သားသည် ဘယ်သို့ဘယ်ပုံ၊ ဘယ်စခန်းကို ချီတက်မည်လဲမသိခင်မှာဘဲ လူအကြိတ်အတိုးပြည့်နှက်ကာ ဖြတ်သန်းသွားသော လိုင်းကားတစ်စီးကိုမြင်လိုက်ရသည်။

ရေပြင်ပတ်လည်ရံထားကာ လွတ်လပ်သော နယ်မြေတွင်ပျော်မွေ့ခဲ့သူမို့ မန္တလေး၏ လူနေမှုပုံစံသည် စဝေယံမိုးအတွက် အမြင်စိမ်းလှပါသည်။

"စျေးချိူနာရီစင်"

"အာစရိ ဘယ်ပို့ရမလဲ"

" အိုးဝေငှားဦးမလား"

"အစ်ကို ဘယ်သွားမလဲ"

မိမိဆီ တိုးဝင်လာသော လူအုပ်ကြီးကို မျက်စိအပြူးသားဖြင့် ကြည့်ရင်း စဝေယံမိုး မွန်းကျပ်လာပါသည်။
နူးညံ့လတ်ဆက်တဲ့အနံ့အသက်ကနေ ကုန်ပစ္စည်း၊ အသီးအရွက်၊ အသားငါး အနံ့ဆီသို့ ပြောင်းလဲသွားသည့်အခါ စောနက ပျောက်ဆုံးသွားတဲ့ မူးဝေခြင်းဟာ တစ်ဖန်ပြန်ပေါ်လာတော့သည်။

အဖြေကိုစောင့်နေသော တက်စီသမားများကို ကျော်ကာ အဝေးသို့ လှမ်းမျှော်ငေးကြည့်မိသည့်အချိန်တွင် ပြည့်ကျပ်နေသော လူထုအားမြင်လိုက်ရသည်။
​လမ်းဘေးတစ်ဖက်တစ်ချက်တွင် အတန်းလိုက်ပြည့်နေသော ဆိုင်ခန်းများ၊ ခေါင်းရွက်သည်များ၊ ခြင်းတောင်းကိုမနိုင်မနင်းသယ်ကာ ထမ်းပိုးကြသော ကုန်ထမ်းများ။
ထိုသို့သော မြင်ကွင်းကို ချင်းတွင်းမြစ်ကမ်းတွင် မြင်ဖူးသော်လည်း မြို့ကြီးပြကြီးမှာပါ တွေ့ရသည်မို့ အံြသသွားမိသည်။

သဘေင်္ာပေါ်တွင် ဘာမှမစားခဲ့ရသေးသည့်အတွက် ဗိုက်ဆာလာသော စဝေယံမိုးသည် မျက်စိရှေ့တွင်ရှိသော ခေါင်းရွက်သယ်ထံသို့ တိုးသွားလိုက်သည်။
ခရမ်းရောင်ဇာချည်ထည်ကို ဒယ်ဇလုံပေါ်တွင်အုပ်မိုးထားသည်မို့ အထဲကဘာရှိမှန်းမမြင်ရသည့်အတွက် မေးလိုက်ရသည်။

ရေလိုအေးတဲ့ နွေလေးတစ်နွေ (ရေလိုအေးတဲ့ နွေလေးတစ်နွေ)Where stories live. Discover now