အပိုင်း (၂၇)

42 7 0
                                    

Unicode

"လှိုင်းရယ်ဘယ်ညာယိမ်း
နုအေးတဲ့ ရေနဒီ
ရွက်ကြွေ ဝါညိုစိမ်း
နွေတောက်တဲ့ မာယာပြည်"

ခုတ်မောင်းစက်သံ တညံညံဖြင့် ရေပြင်ကျယ်ဝယ် နေကိုဟန်တုလို့ ခရီးနှင်နေသည့် သဘေင်္ာတစ်စီးသည် အရှေ့ဖျားသို့ တရွေ့ရွေ့ကူးခတ်ပုံမှာ အမြင်ရိုးလှသည်။
ဘေးဘီဝဲယာတွင်ဖြတ်သွားဖြတ်လာလုပ်နေကြသော  ခရီးသည်တို့၏ ကိုယ်သင်းရနံ့ဟာလည်း ရေဟာနယ် လေဝဲယဟက်တွင် မျောလွင့်၍ ပျောက်ပြယ်လို့နေပြီ။
အထိန်းအကွတ် သံတိုင်များဟာလည်း သံချီးတက်လျက် အချိန်၏တိုက်စားခြင်းကိုခံခဲ့ရပုံပေါ်သည်။

ပုံမှန်နေ့များနှင့်မတူ တမူထူးနေသည်မှာ စဝေယံမိုး၏ ခြေဖဝါးတစ်စုံဖြစ်သည်။ ချည်ကြမ်းဖြင့်ချုပ်လုပ်ထားသော လွယ်အိတ်အပါးကို စလွယ်သိုင်း၍ မြစ်ပြင်ကျယ်ကို ငေးမောနေသော စဝေယံမိုးသည် တအိအိရွေ့နေသော သဘေင်္ာဒဏ်ကြောင့် လှိုင်းမူးလာလေသည်။
နေမင်းခေါင်းတင် အချိန်မျိုးတွင် ဆရာတော်ဘုရား၏ ကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်လုပ်၊ မဟုတ်လျှင် ရွှေမုဌောစောင်းတန်းမှ  ကျောက်ခုံများပေါ်တွင်သာရှိတတ်သော စဝေယံမိုးသည် ယနေ့မိုးသောက်မှာတော့ လမ်းသစ်ကိုလျှောက်လမ်းရတော့သည်။
တစ်စင်းပြီး တစ်စင်း ဖြတ်သွားတတ်သော သဘေင်္ာများကို ထိုင်ကာကြည့်နေသောအဖြစ်မှ ကိုယ်တိုင်လိုက်ပါစီးနင်းကာ ခရီးထွက်ရသည့်အဖြစ်သို့ ဘဝကံကြမ္မာကြောင့်ပြောင်းလဲသွားရသည်။

ဇင်ယော်တွေ ဘယ်ဆီပျံသန်းနေလဲမသိပေမဲ့ စဝေယံမိုး၏ ဦးတည်ရာကတော့ အုတ်ကျစ်ကျော်အေး မြို့မန္တလေးဆီသို့ပင်။
ကလေးဝ-မန္တလေးခရီး သည် ဝေးလွန်းလှသည်ဟုဆိုလို့မရသော်ငြား သူ့အတိုင်းအထွာနဲ့သူတော့ ခရီးရှည်တစ်ခုပင်ဖြစ်လေသည်။
ထန်းပင်များ အစီအရီပြည့်နှက်နေသော ထန်းတောများဟာ ကမ်းတစ်လျှောက်တွင် နှုတ်ဆက်နေသလိုပင်။
မြေလမ်းခရီးကို မရွေးချယ်ဘဲ၊ ရေလမ်းခရီးကို လိုက်ပါလာခဲ့သည်မှာ သူ၏ချစ်ခြင်းမေတ္တာသည် ရေနဲ့နီးစပ်သောနေရာတိုင်းတွင်ပေါ်ပေါက်ခဲ့၍ပင်။
မန္တလေးသို့ တစ်ကောင်ကြွက်၊ တစ်မျက်နှာ အဖော်မပါဘဲ သွားရသည့်အကြောင်းအရင်းသည် ခက်ခက်ခဲခဲတွေးနေစရာပင်မလို။

ရေလိုအေးတဲ့ နွေလေးတစ်နွေ (ရေလိုအေးတဲ့ နွေလေးတစ်နွေ)Donde viven las historias. Descúbrelo ahora