Unicode
"မာအွန်းမီ မင်းပြောကြည့်စမ်း အီသန်က ငါ့ကို ဘာလို့စတာလဲ"
"ဝုတ်"
"ငါ့ကိုကြိုက်နေလို့??"
"ဝုတ်"
"ဟုတ်နေတာပဲ သိပြီးသား မင်းငါ့ကိုလိမ်ပြောမှာ မဟုတ်ဘူးဆိုတာ"
"ငါ အီသန့်ကိုအရမ်းလွမ်းတာပဲ ဂိမ်းဆိုင်ကိုသွားတွေ့ရမလား"
"ဝုတ်"
"ဒါပေမယ့် ငါမှဂိမ်းမဆော့တတ်တာ ဒီတိုင်းသွားရင် ထူးဆန်းမနေဘူးလား"
"ဝုတ်"
"ဟုတ်တယ်မလား မတွေ့ရတာ သုံးပတ်ကြီးများတောင်ရှိပြီ ဘယ်မှာသွားရှာရင် တွေ့နိုင်မလဲ လကမ္ဘာမှာတော့ ရှိမနေလောက်ဘူးမလား"
"ဝုတ်"
"အင်းပေါ့လေ နော် ဘယ်ရှိမလဲ ဟူး အခုဆို ဘာတွေလုပ်နေမလဲ မသိဘူး လွမ်းတယ် တွေ့ချင်တယ်"
"ဒါပေမယ့် ဖုန်းနံပါတ်မပြောနဲ့ နာမည်အရင်းတောင်မသိဘူး"
"စကားတောင် လေဝအောင်ပြောဖူးတာလည်းမဟုတ် ဟူး"
သက်ပြင်းတစ်ချချဖြစ်နေတဲ့ ဂျောင်ဝန်းကို မာအွန်းမီကမော့ကြည့်လာသည်။ ထို့နောက် သူ့အစာခွက်ကို မလှမ်းမကမ်းရှိ သစ်ပင်အောက်သို့ ချီဆွဲသွားသည်။
ဪ ခွေးတောင်မှ သူ့ကို တစ်ယောက်တည်းပစ်ထားခဲ့ပြီပဲ။ ဂျောင်ဝန်းက အက်လောက်တောင် ပျင်းစရာကောင်းတဲ့လူ ဖြစ်နေတာလား။
"ဒီနေ့ မုန်တိုင်းလာတော့မှာပဲ"
"ဗျာ အဲ ဟင် အီသန် ဘယ်လိုလုပ်ပြီး"
အီသန်က ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ရင်း basketballကို မြှောက်ပြလာသည်။
"အာ အာ"
ဘုရားသခင်က သူ့ဘက်မှာ ရှိသေးသားပဲ။
"ဒါနဲ့ ခုနက မုန်တိုင်းဆိုတာ ဘာကြီး"
"သက်ပြင်းတွေတအားချနေလို့လေ"
"ဪ ဟီး"
"ဒီနေ့ဂိမ်းဆိုင်မသွားဘူးလား အီသန်"
"ဒီလိုပါပဲ ပျင်းလို့ ပျော်စရာတစ်ခုခုရှိမနေဘူးလေ"
"ဝုတ် ဝုတ် ဝုတ်"
YOU ARE READING
Just Play The Game Not My Heart
FanfictionLee Heeseung & Yang Jungwon || Both Unicode & Zawgyi available ||