"အန်တီမေမေ"
"အန်တီမီးဖိုချောင်ထဲမှာ နီခီရေ"
"ဝန်းနီးဟျောင်းရော"
"ဟေ သူဂိမ်းဆိုင်သွားတယ်လေ သားသားနဲ့အတူသွားတာ မဟုတ်ဘူးလား"
"မဟုတ် အဲ ဟုတ် ဟုတ်တယ် ကျွန်တော်နဲ့သွားဖို့ချိန်းထားတာ သွား သွားလိုက်ဦးမယ်နော်"
ယန်းဂျောင်ဝန်း ယန်းဂျောင်ဝန်း ရည်းစားလေးတစ်ယောက်လောက်ရတာနဲ့ အချိုးတွေပြောင်းကုန်ပြီ။
တွေ့လို့ကတော့ ကိုင်ပေါက်ပစ်မယ်လို့ နီခီတွေးခဲ့သမျှ ဂိမ်းဆိုင်ရောက်မှ အကုန်လျှောကျသွားသည်။ ဆိုင်ထဲမှာ ဂျောင်ဝန်းနဲ့ပတ်သက်လို့ ကြောင်အရိပ်အယောင်တောင် မတွေ့။
"အီသန် ဝန်းနီးဟျောင်းကိုတွေ့"
စကားပင်မဆုံးလိုက် တွေ့ပါပြီ။ ဂိမ်းဆော့နေတဲ့ အီသန့်ပေါင်ပေါ်တက်ထိုင်လျက် အီသန့်ကိုဖက်ကာ အိပ်ပျော်နေတယ်တဲ့လေ။
အီသန်က နှုတ်ခမ်းပေါ်လက်ညိုးတင်ကာ တိတ်တိတ်နေဖို့အချက်ပြသည်။
နေဆိုတော့လည်းနေရုံပေါ့။ အား အတွဲတွေများ မုန်းဖို့ကောင်းလိုက်တာ။ဆောနူစံရေ ဆောနူစံဘယ်ရောက်နေလဲ။
.
ကိုယ်ပေါ်က သခင်လေးက တလှုပ်လှုပ်ဖြစ်လာတာမို့ သက်သောင့်သက်သာရှိစေရန် ကိုယ်ကိုအနည်းငယ် မတ်ပေးလိုက်သည်။ အင်း အဲ နှင့် မျက်လုံးတွေကိုပွတ်နေသဖြင့် တစ်ချက်ကြည့်လိုက်ပြီး မလုပ်ဖို့ပြောတော့ ကျေနပ်ဟန်မတူ။
"ကိုကိုက ကျွန်တော့်ကိုမချစ်ပါဘူးဗျာ"
"ဟောဗျာ"
"အက်ဂိမ်းပဲဆော့နေလိုက် အက်ဂိမ်းပဲအာရုံစိုက်နေလိုက် ကျွန်တော်ဘာဖြစ်ဖြစ် ဂရုမစိုက်နဲ့"
ခုံကိုနောက်ဆုတ်လိုက်ရင်း သခင်လေးကိုချော့ဖို့ပြင်ရသည်။ နိုအာရဲ့ မျက်စောင်းက သေချာပေါက် ကျရောက်လာတာပေါ့။
'နောက်အီသန်နဲ့မဆော့တော့ဘူး' ဆိုတဲ့စကားကို ခပ်ပြုံးပြုံးနဲ့သာ လျစ်လျူရှုရင်း ရင်ခွင်ထဲက အကောင်ပေါက်လေးရဲ့ နှာခေါင်းထိပ်ကို ဖွဖွလေးဆွဲလိုက်သည်။
ESTÁS LEYENDO
Just Play The Game Not My Heart
FanficLee Heeseung & Yang Jungwon || Both Unicode & Zawgyi available ||