Noona Part-1

854 33 2
                                    

သူ အိမ်ထဲမှာ နေရတာ မွန်းကျပ်နေတာနဲ့ လမ်းထိပ်က mini mart လေးမှာ ရေခဲချောင်း ဝယ်ပြီး ပြန်လာခဲ့သည်။

အပြန်လမ်းက လမ်းကြားလေးထဲမှ ထွက်လာတဲ့ အသံတွေ။

ပထမတော့ သူဒီအတိုင်းထွက်သွားမလို့ပဲ ဒါပေမဲ့ စကားသံတွေက ကြားနေရတာ မကောင်းတာနဲ့ သူအဲ့လမ်းကြားထဲကို ဝင်ခဲ့သည်။

သူ ဝင်လာတော့ ကောင်လေးသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်က လှည်ကြည့်တယ်

ကောင်မလေး မျက်လုံးတွေက ကယ်တင်ရှင် ရောက်လာလို့ အားကိုးချင်တဲ့ မျက်လုံးတွေ

'ဟေ့လူ ကိုယ့်ကိစ္စမဟုတ်ပဲ ဝင်မပါနဲ့ ကိုယ့်လမ်းကိုသွား '

သူ ဘာမှ မပြောပဲ ထိုကောင်လေးကို တစ်ချက် ကြည့် လိုက်သည်။

'အစကတော့ သွားမလို့ပဲ ဒါပေမဲ့ မင်းတို့ဟာက တစ်ဖက်သတ်ကြီး ဖြစ်နေသလားလို့ '

ထိုကောင်လေး ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။

အဲ့တော့မှ ထိုကောင်လေး မျက်နှာ ပျက်သွားကာ

'ငါတို့ဟာ ငါတို့ တစ်ဖက်သတ် ဖြစ်ဖြစ် နှစ်ဖက်သတ် ဖြစ်ဖြစ် မင်းနဲ့ ဘာဆိုင်လို့လဲ '

'ငါနဲ့တော့ မဆိုင်ပါဘူး ဒါပေမဲ့ ငါ့ရပ်ကွက်ထဲမှာ လာဖြစ်တော့ ငါနဲ့ဆိုင်တာပေါ့ မဟုတ်ဘူးလား '

ထိုကောင်လေးကို ဘေးက ကောင်လေးက နားနားကပ်က တစ်ခုခု ပြောလိုက်တော့ ထိုကောင်လေး မျက်လုံးပြူးသွားသည်။

သူကို တစ်ချက်ကြည့်ပြီး

'အဲ့တော့ အဲ့တော့ မင်းက ဘာလုပ်ချင်လဲ '

'မလုပ်ချင်ပါဘူး မင်းကို ငါ့နာမည်လေး ပြောချင်ယုံ သက်သက်ပါ '

'မင်း မင်း နာမည် '

'ဟုတ်တယ် သေချာနားထောင်သွားဦး Kris Wu တဲ့ '

'ဘာ .ဘာ . .ဘာ Kris Wu '

'ကဲ ငါမပြောဘူးလားကွာ လာပါ ငါတို့သွားရအောင်ပါကွာ လာပါကွာ '

ဘေးက ကောင်လေးက တိုးတိုးပြောပြီး ထိုကောင်လေးကို ဆွဲခေါသွားသည်။

Exo oneshot collectionDonde viven las historias. Descúbrelo ahora